Episode-31

4.2K 385 45
                                    

♡Unicode version♡



"ပရင့်ထုတ်ခိုင်းလိုက်တာတွေလာပို့တာပါခမျ!..."

စာရွက်တွေတထပ်ကြီးပိုက်ထားသည့်ရိပေါ်ကို ဆုံလည်ကုလားထိုင်မှာအကျအနထိုင်နေရင်း ရန်ဟေးထမ်ကအသေအချာစူးစိုက်ကြည့်လာတယ်။ရန်ဟေးထမ်ဆိုသူက Digital Groupရဲ့လုပ်သက်ရင့်မန်နေဂျာတစ်ဦးဖြစ်ပြီး အမှတ်တမဲ့ဆို ကြည့်ကောင်းသယောင်ရှိပေမဲ့ ပါဝါမျက်မှန်အောက်ကမျက်ဝန်းတွေမှာ လှည့်စားဖျားယောင်းမှုတွေနဲ့ရှုပ်ထွေးလွန်းနေတယ်။

အထက်လူကြီးတွေစီမှာမျက်နှာရချင်တာနဲ့ လက်အောက်ငယ်သားတွေကိုမတန်မရာအလုပ်တွေဖိခိုင်းတာမျိုး စိတ်အလိုမကျလျှင် ဘာမဟုတ်တာလေးအတွက်နဲ့ငေါက်ငမ်းတတ်ပြီး ဝန်ထမ်းတွေကြားမှာတော့ ရန်ဟေးထမ်က တိုးတိုးတိတ်တိတ်တလုံးချိုင့်ဖြစ်နေခဲ့တာကြာပြီ။ဒါကို ရိပေါ်တို့လိုလူသစ်လေးတွေက ကုမ္ပဏီရောက်ကတည်းကစီနီယာတွေစီမှကြားထားပြီးပြီမို့ ဘာလုပ်လုပ်အမှားအယွင်းမရှိအောင်ဂရုစိုက်နေရတယ်။

"မင်းကအသစ်ရောက်လာတဲ့အထဲကတယောက်လား..."

"ဟုတ်ကဲ့...ဝမ်ရိပေါ်လို့ခေါ်ပါတယ်ခမျ!..."

ကိုယ်ဟန်ရို့လို့ ရိပေါ်ကိုခြေဖျားကနေ နေရာလပ်မကျန် ရုံးဝန်ထမ်းကုဒ်မဖုံးထားနိုင်သည့် လည်တိုင်ဖွေးဖွေးအပြင် နှုတ်ခမ်းနီထွေးထွေးတွေအထိ မျက်တောင်မခတ်တမ်းအရိုင်းဆန်စွာကြည့်ရင်းမေးတယ်။သတိမမှုမိသည့်ရိပေါ်ကတော့ အထက်လူကြီးမို့ တရိုတသေခေါင်းငုပ်ဖြေရင်း လက်ထဲကစာရွက်ထပ်ကြီးကိုစားပွဲပေါ်လက်နှစ်ဖက်နဲ့တင်ပေးလိုက်တယ်။

"အင့်!...မန် မန်နေဂျာရန်ခမျ...ဘာလုပ်တာပါလဲခမျ..."

ရုတ်တရက်လက်ကောက်ဝတ်ကိုဖမ်းဆုတ်ခံလိုက်ရတာမို့ရိပေါ်ကိုယ်လေးတုန်တက်သွားပြီးသိသိသာသာရုန်းကန်နေမိတယ်။စူးရဲနေသည့်အကြည့် နီရဲနေသည့်ရန်ဟေးထမ်မျက်နှာကရိပေါ်အတွက်ကြောက်စရာကောင်းလာသလို တစုံတခုကိုချက်ချင်းရိပ်စားမိလိုက်တယ်။အနီးအနားတွင်မည်သူမှမရှိဘူးဆိုသည့်အသိကြောင့်လည်း ရိပေါ်ပိုပြီးကြောက်လန့်လာရတယ်။

LOVE ME,OK![Complete]Where stories live. Discover now