4.4(U)

2.3K 413 10
                                    


ဝင်ခွင့်စာမေးပွဲဖြေမယ့်လမှာ ရာသီဥတုက အရမ်းကို ပူခဲ့သည်။

ရှန်းယိုလင်နဲ့ရီဟွိုင်ရဲ့ စာမေးပွဲခန်းမှာ အဲကွန်းမရှိတာကြောင့် ချန်လီကောက ပိုစိတ်ပူလာရသည်။

သူတို့ စာမေးပွဲခန်းကဖြေပြီးထွက်လာတိုင်း
ချန်လီကောက သူတို့ပူလားမပူလားနဲ့ ဘာစားချင်လဲသာမေးခဲ့ပြီး သူတို့ရဲ့အဆင့်အကြောင်း မမေးပေ။

သုံးရက်ကြာပြီး စာမေးပွဲ ပြီးသွားတော့မှပဲ ချန်လီကော စိတ်ချနိုင်တော့သည်။

ရီဟွိုင်က စာမေးပွဲခန်းကနေ ရှန်းယိုလင်ထက် စောထွက်လာပြီး ချန်လီကောကို မြင်တော့..

"ကျွန်တော် တော်တော်ဖြေနိုင်တယ်"

လို့ ပြောလိုက်သည်။

ချန်လီကောက သက်ပြင်းချလိုက်ပြီး ရီဟွိုင်ရဲ့ပုခုံးကို ပုတ်ပေးရမယ့်အစား သူ့လက်မောင်းတွေကို ဘေးကိုကားလျက် ရီဟွိုင်ကို ဖက်လိုက်သည်။သူက အများကြီး စဥ်းစားမနေဘဲ ရီဟွိုင်ကို ဖက်လိုက်ခြင်းသာဖြစ်သည်။

သူတို့နှစ်ယောက် ဖက်ကြတော့ ချန်လီကောရဲ့စိတ်ထဲမှာ တစ်ခုခုမှားယွင်းနေသလို ခံစားရသည်။ရီဟွိုင်က သူ့ထက် ခေါင်းတစ်လုံးစာလောက်မြင့်တဲ့အတွက် ရီဟွိုင်ရဲ့ရင်ခွင်ကိုသူက
တိုးဝင်နေပြီး ရီဟွိုင်ကသာ သူ့ကိုပွေ့ဖက်ထားတာနဲ့ တူနေသည်။ထို့အပြင် ဒီကောင်လေးက အများကြီး လေ့ကျင့်ထားတာကြောင့် သူချန်လီကောကို တင်းတင်းကြပ်ကြပ် ဖက်လိုက်တဲ့အခါမှာတော့ ချန်လီကောရဲ့အရိုးတွေပင် နာလာရသည်။

"မင်းတောင် အရွယ်ရောက်လာပြီပဲ"

ချန်လီကောက ပြောတော့ ရီဟွိုင်က မျက်လုံးတွေ အောက်ချကြည့်လာပြီး ပြုံးပြလာသည်။

ခဏကြာတော့ ရှန်းယိုလင် ပါ ထွက်လာသည်။
သူမအဖေကို စစမြင်ခြင်း သူမပြောလိုက်တဲ့အရာကတော့...

"အဖေ သမီးတို့ ဟော့ပေါ့သွားစားရအောင်"

"အရမ်းပူတာ ဟော့ပေါ့စားလို့ ဖြစ်ပါ့မလား"

"ဂရုမစိုက်ဘူး အဖေ ဟော့ပေါ့သွားစားရအောင်နော်...သမီးစာမေးပွဲမပြီးမချင်း နှစ်ဝက်လောက်
စောင့်နေရတာ သွားရအောင်နော် သွားရအောင်"

Perfect Destiny Arc7 မြန်မာဘာသာပြန်Where stories live. Discover now