Part(2)

11.3K 794 24
                                    

Unicode

   "မခ....ညီညီကဒီလိုပဲမို့ မင်းစိတ်ထဲမထားပါနဲ့"

  "ရပါတယ်...ဒီလောက်နဲ့ စိတ်ဆိုးနေရအောင် ငါ့အရွယ်က (၂၈)ပဲ ကျော်နေပြီ"

  "ကိုယ် ဒါတွေသဘောကျတာပဲ မခ,ရယ်၊မင်းက သည်းခံနိုင်လွန်းတယ်"

  "မဟုတ်ဘူး မဂ္ဂ...အရာရာမှာ အကန့်အသတ်ဆိုတာ အမြဲရှိကြတာပဲလေ...ငါလည်း နေရာတိုင်းတော့ သည်းခံနေနိုင်မှာ မဟုတ်ဘူးပေါ့"

  "....."

  "ဒါနဲ့ မင်းမှာညီရှိတာ ငါအခုမှသိတယ်"

   "အင်း ညီညီက ငယ်ငယ်တည်းက ဂျပန်မှာ အမေနဲ့နေတာ။နာမည်က အနဂ္ဂထည်တဲ့...မင်း ရန်ကုန်မှာ ဆေးကျောင်းတက်နေတုန်း တစ်နှစ်လောက် ပြန်လာနေသေးတယ်။အဲ့ဒီအခေါက် အကြာဆုံးပဲ"

  "သြော် ဒါ့ကြောင့်ကိုး"

"ထားပါတော့...မင်းဆေးရုံသွားရမယ်မလား"

  "ငါ့ဂျူတီက ညနေမှလေ...မသွားခင် အန်ကယ်သက်သာလား လာကြည့်တာ"

"အဖေက သက်သာနေပြီဆိုပြီး ကုမ္ပဏီထွက်သွားလေရဲ့...ကိုယ်က လိမ္မော်ခြံတစ်ဖက်နဲ့ဆိုတော့ ကုမ္ပဏီကို စိတ်မချဘူးထင်တယ်"

"သြော် သက်သာရင် ပြီးတာပါပဲ။ဆေးပုံမှန်သောက်ဖို့ပဲ ဂရုစိုက်ပေးလိုက်ပါ"

  "စိတ်ချ"

  "အင်း ဒါဆိုငါသွားတော့မယ်"

  "ဟုတ်ပြီ မခ"

     မဂ္ဂဟာ ထွက်သွားတဲ့ ကျောပြင်တစ်ခုကို မြင်ကွင်းမှ ပျောက်သွားတဲ့အထိ ကြည့်နေမိသည်။'မခ'က သူ့ထက်လပိုင်းလေးပဲ အသက်ပိုကြီးပေမယ့် မထင်ရလောက်အောင် ရင့်ကျက်တည်ငြိမ်သည်။

    လုပ်ချင်ရာလုပ်တတ်သော ညီညီနှင့် စနစ်ကျပြီး တစ်ခါတလေမှာ နားလည်ရခက်လွန်းသည့် မခ,ကို ရှေ့လျှောက်မှာ သူတကယ် အဆင်ပြေစေချင်ပါသည်။

**********
       အနဂ္ဂကတော့ ညဦး၊ညလယ်၊ညနှောင်းသုံးပါး အိပ်ပျော်တစ်ဝက် နိုးထက်ဝက် ဖြစ်နေ၏။သူဆိုသည်မှာ စိတ်အလိုမကျစွာနဲ့ အိပ်ရာဝင်လျှင် ကောင်းစွာနိုးထရသည်က ခပ်ရှားရှားဖြစ်သည်။အခုပဲကြည့်....မိုးလင်းခါနီးမှ မြေမခသော,ဆိုသည့် အမျိုးကောင်းသားကို မြင်မက်နေသေး၏။

အနက်ရောင် ရပ်ဝန်း-Black Zone(Completed)Where stories live. Discover now