Part(10)

7.8K 666 22
                                    

   နေ့လယ် တစ်နာရီတိတိတွင် အနဂ္ဂ 'Black House'ကို ရောက်ရှိနေပြီ ဖြစ်သည်။ ထိုဆိုင်က သုခ၏ညီဝမ်းကွဲ ဆိုင်ပင်။ တစ်ခုခုဖြစ်ခဲ့လျှင် ဝင်မပါဖို့အတွက်လည်း အချိန်းအချက်လုပ်ပြီးသားပင် ။

   "Espresso တစ်ခွက်..."

  ကောင်တာမှ ကောင်လေးအား ထောင့်ဆုံးဝိုင်းကို လာပို့ပေးဖို့ မှာလိုက်၏။မျက်မှန်အနက်ကို ချွတ်ရင်း မှန်နံရံကို ကျောခိုင်းကာ ဝင်ထိုင်သည်။ အချို့၏ အကြည့်က ကော်ဖီဆိုင် ထိုင်လေ့မရှိသော သူ့ထံတွင် ရစ်ဝဲနေသည်။ သူ့ကို အနဂ္ဂထည်မှန်း သိနေကြလို့လည်း ဖြစ်နိုင်သည်။

    "ရှင်ရောက်နေတာ ကြာပြီလား"

   အနားကိုရောက်လာသည့် အဖြူရောင် ဂါဝန်အတိုနှင့် အမျိုးသမီးကို မျက်ခုံးပင့်ပြလိုက်သည်။ ပွဲက အခုမှ ပိုစည်တယ်ပြောရမည်။ မာနခေါင်ခိုက်နေသည့် သွန်းခရှင်ကလည်း ဒီမြို့မှာ နာမည်ကြီးပင် ။ ဘယ်မိန်းခလေးနဲ့မှ တွဲသွားတွဲလာ မလုပ်ဖူးသည့် အနဂ္ဂထည်နှင့်အတူ ​နေခွန်းသရှင်အား တွဲမြင်လိုက်ရ၍ သို့လောသို့သော ပြောနေကြသည် ။တချို့က မသိမသာ တချို့ကတော့ ပေါ်တင်ပဲ အကဲခတ်နေကြ၏။

   "ကြည့်ရတာ စကားကိုနှစ်ခါပြောချင်သွားလို့ထင်တယ်...အဟင်း"

  အနဂ္ဂဟာ သူနဲ့မျက်နှာချင်းဆိုင်မှာ ထိုင်လာသည့် မိန်းကလေးကို ရိသဲ့သဲ့ ပြောလိုက်သည်။ခွန်းသရှင်ကလည်း အနဂ္ဂမေးတာကိုမဖြေဘဲ သောက်စရာနှင့် စားစရာတချို့ကိုသာ အရင်မှာနေ၏။

   "အေးဆေးပေါ့ မဟုတ်ဘူးလား"

   "အာ...ဒီလိုဆို ကိုယ်ဘေးဝိုင်း ရွေ့လိုက်မယ်။အရေးကြီး ကိစ္စတစ်ခုကြောင့်သာ ကိုယ်ဒီကိုလာဖြစ်တာ"

    "ဘာရယ်"

    "ရော်...နောက်နေတယ်ထင်လို့လား"

    အနဂ္ဂ ထိုင်ရမှထပြီး ဘေးဝိုင်းကို ဦးတည်ရန် ပြင်လိုက်သည်။ ရှေ့ဆင့် နောက်ဆင့်ဆိုလို ခွန်းသရှင်က စကားဆိုလာသည်။

   "ကျွန်မ ရှင့်ကို စိတ်ဝင်စားတယ် အနဂ္ဂထည်...ရှင့်ကမ်းလှမ်းချက်ကို လက်ခံတယ်"

အနက်ရောင် ရပ်ဝန်း-Black Zone(Completed)Where stories live. Discover now