Part(1)

18.9K 314 0
                                    

ချစ်ခြင်းမေတ္တာဟူသည်.
(သို့)
ဦးကိုမုန်းခွင့်♡

         အပိုင်း(၁)

တောင်ကိုရီးယားနိုင်ငံ...
၆၀၅.၂၁စတုရန်းကီလိုမီတာကျယ်ဝန်းပြီး လူပေါင်း (၂၅)သန်း‌ကျော် နေထိုင်‌သော တောင်ကိုရီးယားနိုင်ငံရဲ့မြို့တော်ဖြစ်သော ဆိုးလ်မြို့...

ည(၁၂)နာရီ  ဆိုးလ်မြို့ရဲ့ရပ်ကွက်တစ်နေရာ တခြားအိမ်တွေနဲ့ သီးခြားတစ်နေရာမှာ ရဲတိုက်သဖွယ် လှပပြီး နေချင်စရာကောင်းတဲ့ သုံးထပ်တိုက်Angelစံအိမ်ကြီးကို အနက်ရောင်ဝတ်စုံကိုဆင်တူဝတ်ထားကြတဲ့ ဆယ်ယောက်မကသော လူများက အိမ်ကြီးပတ်ပတ်လည်ကို ဓာတ်ဆီများနှင့်လိုက်လံဖျန်းပတ်နေသည်။

ခြံဝန်းရဲ့မြေပြင်မှာ ထိုစံအိမ်ရဲ့ခြံစောင့်ဖြစ်တဲ့..လူက ဝမ်းဗိုက်မှာ ဓားဒဏ်ရာနဲ့သေလျက်သားရှိနေသည်။

Angleစံအိမ်ရဲ့အတွင်း၌ ဦးသခင်ပိုင်နှင့်ဒေါ်သာယာမှိုင်းဟုခေါ်သော စံအိမ်ရဲ့အရှင်သခင်ဇနီးမောင်နှံနှစ်ယောက်က ကုတင်ထက်တွင် အိပ်မောကျလျက်ရှိသည်။

စံအိမ်တစ်ခုလုံးရဲ့အစေခံတွေကတော့ အစေခံဝါဝါတိုက်သည့် ကော်ဖီခွက်ထဲမှာ ထည့်ထားတဲ့အိပ်ဆေးအရှိန်ကြောင့် အိပ်ပျော်နေကြသည်။

ပထမထပ်ရဲ့ဧည့်ခန်းနေရာရဲ့ ဆိုဖာဖြူဖြူပေါ်မှာ  အကိုဖြစ်သူပြန်အလာကို စောင့်နေရင်းနဲ့ အိပ်ပျော်လျက်ရှိနေသော သသ(ခေါ်)အိမ်မက်သခင်။

အသက်(၁၈)နှစ်သာရှိသေးပြီး အထက်တန်းကျောင်းကို အောင်မြင်ကာ ဆေးတက္ကသိုလ်ကိုလျှောက်ထားတဲ့သသ။

အရပ်(၅)ပေကျော်အပျိုဝင်စအရွယ်ပေမဲ့ အညိုရောင်ဆံပင်ဂုတ်ဝဲလေးကို ဟိုစည်းဒီစည်းလျှောက်စည်းထားတဲ့သသရဲ့ ပုံစံက ကလေးတစ်‌ယောက်လိုချစ်စရာကောင်းနေသည်။

ကော့တက်နေတဲ့မျက်ဝန်း ‌ဖြောင့်ဆင်းနေတဲ့နှတံရှည်ရှည် ဆိုးဆေးမတင်ထားတဲ့နှုတ်ခမ်းပါးပါး အနှာအဆာမရှိတဲ့မျက်နှာတို့က တော်ယုံပုရိသယောကျာ်းတွေဆို မငေးဘဲနေနိုင်ကြမှာ‌မဟုတ်။

ထိုသို့အပြစ်ပြောစရာမရှိလောက်အောင် ဖြူစင်နေပြီး အိပ်ပျော်နေတဲ့ ကလေးမလေးရဲ့ ဘဝက ဒီတိုင်းဆုံးရှုံးရတော့မှာလား?

ဦးကို မုန်းခွင့်ရချင်တယ်.../ဦးကို မုန်းခွင့်ရချင်တယ်...[Completed]Where stories live. Discover now