Part 33*

39.3K 2.9K 35
                                    

Company ရှေ့ကိုကားရပ်သည်နှင့် သတင်းထောက်တွေရဲ့အာရုံတွေဟာ ထိုကားစီသို့ရောက်လာသည်။ ထို့အပြင် အလုအယက်ဖြင့် နေရာယူနေတာကြောင့် လုံခြုံရေးများကပင် တားရတော့သည်။

ကားပေါ်ကထွဋ်ခေါင်ဆင်းဖို့လုပ်နေချိန်မှာပဲ လက်အားသီဟလှမ်းဆွဲလာ၏။

" အဆင်ပြေတယ်မလား အချစ် "

" မောင်ရှိနေတာပဲ အဆင်မပြေစရာအကြောင်းရှိသလား "

သီဟထပ်၍မပြောတော့ပေ။ ချစ်ရသူက မိမိအားယုံကြည်မှုအပြည့်ပေးနေသည်ကိုမြင်ရတော့ မဖော်ပြနိုင်သောခံစားချက်မျိုးဖြစ်မိသည်။

ကားပေါ်ကနေ သီဟအမြန်ဆင်းကာ ထွဋ်ခေါင်ရဲ့လက်အားဆုပ်ကိုင်လိုက်၏။ ပြီးနောက်သတင်းထောက်တွေရဲ့အလယ်ကို နှစ်ယောက်သား တည့်တည့်တန်းတန်း ရောက်လာ၏။

" အခုဖြစ်နေတာနဲ့ပတ်သတ်ပြီး တစ်ခုခုပြောပေးပါဉီး"

" ပိုးအိပြောတာအမှန်လား ပြောပြပေးပါဉီး "

စသဖြင့်မေးခွန်းပေါင်းစုံကို ကြားလိုက်ရ၏။ ပြန်ဖြေရန်ပြင်နေသော ချစ်ရသူအား သီဟအရိပ်အကဲ ပြကာ မပြောဖို့တားရသည်။ ဒေါသထွက်နေသောချစ်ရသူကြောင့်မပြောဖို့တားနေခြင်းဖြစ်သည်။

" ကျွန်တော်တို့ဒါကို ဖြေရှင်းစရာမလိုဘူးထင်တယ်။ ခင်ဗျားတို့ရဲ့ မျက်မြင်ပဲမလား။ ကျွန်တော်တို့နှစ်ယောက်နောက် ဘယ်သူဘယ်ဝါလိုက်နေလဲဆိုတာသိတဲ့အတွက် အထွေအထူးပြောမနေတော့ဘူး "

ထိုစကားကြောင့် သတင်းထောက်များအနည်းငယ်ငြိမ်ကျသွားသည်။ စီးပွားရေးကြောင့် လူသိများသည်နှင့်အမျှ သတင်းတွေကိုစောင့်ယူနေသောသူတွေဟာလည်း များပြားလာသည်။ဒါကိုသိပေမယ့်လည်း အလွန်အကြူးမဖြစ်သေးတာကြောင့်သီဟမပြောပဲထားထားခဲ့သည်။

သီဟ ထွဋ်ခေါင်နဲ့ဆုပ်ကိုင်ထားသောလက်အား မြှောက်ပြကာ

" ကျွန်တော့်အတွက် တစ်ဉီးတည်းသော ခင်ပွန်းဟာ မြတ်ထွဋ်ခေါင်ဆိုတဲ့တစ်ယောက်ပဲရှိတယ်။ နောက်ထပ် အခုလိုမဟုတ်မမှန်ထပ်လုပ်ခဲ့မယ်ဆိုရင် ကျွန်တော်တို့ဘက်က လုပ်သင့်လုပ်ထိုက်တာကိုဆက်လုပ်သွားမှာပါ။ တစ်ခုတော့ရှိတယ် သက်ညှာမှုတော့မရှိပါဘူး "

မောင့်မူပိုင် (Completed) Where stories live. Discover now