Chapter - 5 (Part 2)

1.1K 207 1
                                    

Unicode

သုံးသပ်ချက် ~

ဒီနေ့ ကျောင်းကုန်းဇီက သူ့ရဲ့ ယုတ္တိမတန်တဲ့ ဝုန်းဒိုင်းကြဲမှု ထပ်မံမအောင်မြင်တဲ့အတွက် ဒေါသတကြီးနဲ့ ဆိုဖာပေါ်မှာထိုင်ပြီး ရေဒီယိုနားထောင်နေတယ်။

ငါကတော့ ထမင်းစားပွဲမှာထိုင်ပြီး သုံးသပ်ချက်ရေးနေလိုက်တယ်။

လက်ဆွဲအိတ်က ငါ့ကို အလကားပေးတာမဟုတ်ဘူး။ ကုန်တိုက်က ပုံစံအသစ်လုပ်ထားတဲ့လက်ဆွဲအိတ်တွေကို ဈေးကြီးပြီး စတိုင်လ်အရမ်းသစ်နေတာကြောင့် ဝယ်ယူထားခဲ့ပြီး ဒီမှာ ဖက်ရှင်အရမ်းမကျဘဲ လူသိမများတော့တဲ့ လက်ဆွဲအိတ်က ပိုတောင်မှ ဈေးကွက်မဝင်တော့ဘူးဖြစ်သွားတယ်။ အဲ့တာကြောင့် မန်နေဂျာက ထုတ်ကုန်ကို ကြေညာဖို့အတွက် ဒီနည်းလမ်းကို သုံးလိုက်တာဖြစ်တယ်။ မျှော်လင့်ထားသလိုပဲ ပြည်သူပြည်သားတွေဟာ သတင်းစာပေါ်က ကြော်ငြာကိုတွေ့ပြီး လှုပ်ရှားမှုမှာ စိတ်အားထက်သန်စွာနဲ့ ပါဝင်လာခဲ့ကြတယ်။ အဆုံးမှာတော့ သူတို့က သတ်မှတ်ရက်အတွင်း အိတ်ရဲ့ သုံးသပ်ချက်ကို ရေးဖို့အတွက် ကိုးဦးကို စမ်းသပ်ရွေးချယ်ခဲ့တယ်။ ငါ အဲ့တာကို မြင်လိုက်တာနဲ့ စိတ်ဝင်စားစရာကောင်းတယ်လို့ထင်မိတဲ့အတွက် ပါဝင်ဆင်နွှဲလိုက်တာဖြစ်တယ်။

မန်နေဂျာက ဥရောပအကယ်ဒမီတက်တုန်းက ငါ့ရဲ့အတန်းဖော်ဖြစ်ပြီး ငါတို့ရဲ့ဆက်ဆံရေးက အရမ်းကောင်းမွန်တယ်။

ကျောင်းကုန်းဇီက သဝန်တိုဖို့အတွက် ဒီဟာကို အကြောင်းပြချက်တစ်ခုအနေနဲ့ သုံးနေတာဖြစ်ရမယ်။

ဘာလို့လဲ? သူ ဒါကနေ ဘာရမှာလဲ?

ငါ့ရဲ့အတန်းဖော်တွေမရှိဘူးဆိုရင်တောင်မှ ငါက သူ့ကို သဘောမကျဖြစ်နေဦးမှာပဲလေ။

ကျောင်းကုန်းဇီက ရေဒီယိုကို ခဏလောက်နားထောင်ပြီးတဲ့နောက် ငြီးတွားလာတယ်, “ငါ ရေဆာတယ်, နို့တစ်ခွက်လောက် သွားယူပေး”

ငါက ပြန်ဖြေလိုက်တယ်, “အခု မင်း ပြောလိုက်မှ ငါလည်းရေဆာလာပြီ, မင်း အပြင်ထွက်ပြီးတော့ နွားနို့သွားဝယ်လိုက်ပါလား?”

Annoying Zhao Gongzi (Myanmar Translation) CompletedWhere stories live. Discover now