အပိုင်း (၇၉၂) - လင်းမူ၏ တည်ဆောက်မှု

1.9K 249 5
                                    

Zawgyi


ရှီမာယူယူနှင့် ရှီမန်ဖန်တို့သည် ထိုင်လိုက်ကြပြီး ရှီမာယူယူသည် အစောကပို့ထားသော စက္ကူငှက် ကလေးကိုထုတ်ကာ ကုန်ရှန်ယိအား ပြန်ပေးလိုက်သည်။

"နင့်ဒဏ်ရာက တကယ်ပဲသက်သာရဲ့လား ငါသတင်းတွေကြားတယ်၊ အဲတုန်းက နင့် အခြေအနေက တော်တော်ဆိုးနေတာဆို၊ ရှုဂျင်းတောင်မှ ဘာမှမလုပ်နိုင်ဘူးဆိုပဲ" ရှီမန်ဖန်သည် အနည်းငယ်စိုးရိမ်နေတုန်းပင်။

"အဲတုန်းကတော့ နည်းနည်းလန့်စရာကောင်းသွားတယ်၊ ဒါပေမဲ့အခု တော့ အဆင်ပြေသွားပါပြီ အခု အဆင်ပြေနေတာ မင်းတို့လည်း မြင်နေရတာပဲ ဘာတွေဖြစ်နေလဲပြောကြဦး" ရှီမာယူယူသည် ရှီမန်ဖန်၏ ပြောဆိုပုံကိုအူယားသွားကာ ရယ်မောရင်းမေးလိုက်သည်။

"ကြည့်စရာရှိလို့ ကြည့်ပေးဖို့အစ်မကိုခေါ်လိုက်တာ" ကုန်ရှန်ယိ ပြော လိုက်သည် "ကျွန်မတို့ အစောပိုင်းက တည်ဆောက်မှုရထားတယ် ဒါပေမဲ့ ဘယ်လိုဖျက်ရမလဲဆိုတာ မသိလို့၊ အဲဒါကြောင့် အစ်မကို အကူအညီ တောင်းမလို့"

"တည်ဆောက်မှုဟုတ်လား မင်းတို့ကုန်တောင်ကြားမှာလည်း တည် ဆောက်မှု သခင်ရှိတယ်မလား" ရှီမာယူယူသည် နားမလည်စွာမေး လိုက်သည်။

"ဟုတ်တယ် ဒါပေမဲ့ ဒီတည်ဆောက်မှုက အခုကျွန်မတို့လက်ရှိဟာ တွေနဲ့ မတူလို့ သူ မဖျက်တတ်ဘူးလို့ပြောတယ်" ကုန်ရှန်ယိ ပြောလိုက်သည် "အစ်မက ရှေးဟောင်းတည်ဆောက်မှုတွေ အကြောင်းသိတယ်ဆိုတာကို သတိရသွားလို့ ကယ်ပေးဖို့ ပြောချင်တာပါ"

"ကယ်ပေးရမယ် ဟုတ်လား ဘာလို့လဲ၊ အဲဒီထဲမှာ လူတွေပိတ်မိနေ တာလား" ရှီမာယူယူ မေး လိုက်သည်။

"ဟုတ်တယ်၊ ကျွန်မတို့တည်ဆောက်မှုသခင်က ပြောတာပဲ လာခဲ့ အရင်ဆုံးကြည့်ကြည့်လိုက်" ကုန်ရှန်ယိသည် စာရွက်တစ်ရွက်ထုတ်ကာ ရှီမာယူယူအားပေးလိုက်သည်။

ရှီမာယူယူသည် စာရွက်ယူပြီးဖွင့်ကြည့်လိုက်သည်။ ထိုပေါ်တွင် တည်ဆောက်မှု အစိတ်အပိုင်း ရှိနေသည်။ ထောင့်တစ်ထောင့်တွင်သာ အသေးစိတ်ပါရှိသည်။ သူမသည် ခေတ္တမျှကြည့်ပြီးနောက် ပြောလိုက်သည် "ဒါက သုဿာန်ရဲ့ တည်ဆောက်မှုဖြစ်ရျွယ်"

အလိုလိုက်အကြိုက်ဆောင်ခြင်းခံရသော သမီးပျို (ရှီမာယူယူ) Book 5Where stories live. Discover now