အပိုင်း (၇၉၃) - လက်ဆောင်များပေးပို့ခြင်း

1.8K 245 4
                                    

Zawgyi


ရှီမာယူယူသည် သားအမိကျောက်တုံးထုတ်ပြီး အပြာရောင်ဓားသွားနှင့် တခြားသူများကို အားနာစွာ ပြုံးပြလိုက်သည်။ သူမသည် ဝိဥာဉ်စွမ်းအင် ထည့်ကာ ပြောလိုက်သည် "စီနီယာအစ်ကို"

"ဂျူနီယာညီလေး ဘယ်အချိန်ပြန်လာမှာလဲ" ကျန်းကျူကျိ၏ အသံ သည် ပျင်းရိစွာထွက်ပေါ် လာရာ သူမကိုပင် အိပ်ချင်သွားစေသည်။

"မကြာခင်ပြန်လာပါမယ် ဘာဖြစ်လို့လဲ"

"ဒီလိုပါပဲ မင်းနဲ့ဆွေးနွေးစရာရှိလို့ ဒါပေမဲ့ မင်းမကြာခင်ပြန်လာမယ်ဆို တော့ မင်းပြန်လာတာကို စောင့်ပြီးမှ ဆွေးနွေးကြတာပေါ့" ကျန်းကျူကျိ ပြောလိုက်သည်။

"အင်း ကျွန်တော် မကြာခင်ပြန်လာပါမယ်"

"ကောင်းပြီ မင်းပြန်လာရင်ငါ့ကိုနှိုးဦး.." ကျန်းကျူကျိ၏အသံမှာ တိုးသွားရာ သူပြန်အိပ်ပျော် သွားသည်ဖြစ်ကြောင်းကို စဉ်းစားမကြည့်ဘဲနှင့် တောင် သူမ သိသည်။

ထင်ထားသည့်အတိုင်းပင် တိုးညင်းသောအသံတစ်သံသည် အနောက် မှထွက်ပေါ်လာသည် "ကျန်းကျူကျိ အစ်ကို အိမ်ထဲမှာအိပ်လို့မရဘူးလား၊ သန့်ရှင်းရေးလုပ်တာကို လမ်းမှာလာပိတ်နေတယ်"

ရှီမာယူယူသည် အပြာရောင်ဓားသွားနှင့် တခြားသူများကို ပြုံးပြလိုက် သည်။ သူတို့မျက်နှာမှ ရှုပ်ထွေးမှုကိုတွေ့သောအခါ ရှင်းပြလိုက်သည် "ကျွန်တော့်စီနီယာအစ်ကိုက အိပ်ရတာကိုကြိုက်တယ် ရယ်စရာတွေဖြစ်ကုန် ပြီ"

"ကမ္ဘာကြီးက အကြီးကြီးပဲ ထူးခြားတဲ့လူတွေလည်းအမြဲရှိတတ်တာပဲ ဒါမထူးဆန်းပါဘူး" အပြာရောင်ဓားသွားပြောလိုက်သည်။

"ရှင့်ရဲ့ဒဏ်ရာကရော" ကျူလန် မေးလိုက်သည်။

"အများကြီးကောင်းလာပါပြီ ခင်ဗျားတို့က ကျွန်တော့်အတွက် ဒီကို အထူးတလည်လာပေးတာလို့ ကျွန်တော့်အစ်ကိုတွေပြောပါတယ်၊ အားလုံး ကိုကျေးဇူးတင်ပါတယ်"

"မင်းက ငါ့ဆရာမို့လို့လေ၊ ဟုတ်သားပဲ ငါသွားရတော့မယ်၊ ငါ့အတွက် လက်ဆောင်မပေးတော့ဘူးလား၊ သတ္တုလုံးလေးလိုမျိုးလေ၊ ငါလည်းကစား ချင်လို့" ချီဝေသည် သူမအရှေ့သို့ အပြေးလာပြီး သူမအား မျှော်လင့်တကြီး ကြည့်လေသည်။

အလိုလိုက်အကြိုက်ဆောင်ခြင်းခံရသော သမီးပျို (ရှီမာယူယူ) Book 5Where stories live. Discover now