အပိုင်း (၁၈)

19.5K 233 16
                                    



Princess of Dark God
အပိုင်း (၁၈)

အခုတလော ယမုံ့ကို ကြည့်ရတာ နည်းနည်း
ခြူခြာနေသယောင်ယောင် ။
သူ ဆရာဝန်ပြရန် ပြောပေမယ့်လည်း
ယမုံက ဆေးကြောက်သူမို့ မဖြစ်မနေ အခြေအနေမှ လွဲ၍ မပြချင် ။
သူ အကြံအိုက်နေချေပြီ။

"...."
"အေး ပြော "
ဇေယျာ့ဆီမှ ဖုန်းလာ၍ သူပြန်ဖြေလိုက်သည်။

"သဘက်ခါ အနှင်းလေးရဲ့ ၁ နှစ်ပြည့်မွေးနေ့မလား"
သမီးလေး နှင်းယမုံအောင် ၏ ၁ နှစ်ပြည့် မွေးနေ့ရှိ၍ ဖုန်းဆက်မေးခြင်း ဖြစ်သည်။

"အေး ဟုတ်တယ် သားကြီး.."
"အိမ်လာမလို့ မေးတာဟ"
ဇေယျာက ပြောလာ၍

"ငါလည်း လာဖို့ ပြောမလို့ပဲ,
ယမုံက ကျန်းမာရေး မကောင်းတော့
အဲ့ကိစ္စနဲ့ လုံးပန်းနေရလို့"

"အေးပါ ဂရုစိုက်လိုက်ဦး..
see ya "
"အေး see you ငါ့ကောင်"
သူ ဖုန်းချလိုက်သည်။
ထို့နောက် မီးဖိုချောင်ထဲမှ ယမုံ့အားလှမ်းကြည့်ရင်း သက်ပြင်း ခပ်တိုးတိုးလေး ချလိုက်သည်။

~~~~~~~~~~~~~~~~~~~~~~~~~~~~~

"ခစ် ခစ်~~"
သမီးလေး ရယ်သံ ထွက်လာတော့
လင်မယား၂ ယောက်လုံး ပြုံးမိကြသည်။

"ကိုရေ ဒီလိုလေး တစ်သက်လုံးနေချင်တယ်။
သိရဲ့လား "

"သိတာပေါ့ မိန်းမရဲ့..."
သူ ပြောရင်းနဲ့ လူကြားထဲ ယမုံ့ပါးလေးကို
နမ်းရှိုက်လိုက်သည်။

တိရိစ္ဆာန် ဥယျာဉ် ထဲ လူသိပ်မများပေမယ့်
သူတို့ မိသားစု ၃ ယောက်ကတော့ ပျော်ပျော်ပါးပါးပင် လျောက်ပတ်နေကြသည်။

"သမီးလေးရေ ဒါက သစ်ကုလားအုတ်လို့
ခေါ်တယ်ကွ..."
ယမုံက ရှင်းပြနေတော့ သမီးလေးက
သစ်ကုလားအုတ်ကို မျက်လုံးအဝိုင်းသားလေးနှင့် ကြည့်နေသည်။

"အော် သမီးလေးက သစ်ကုလားအုတ် လည်ပင်းကြီးကို ကြည့်နေတာလား..။
သူတို့က အားလုံးထက် လည်ပင်းရှည်တယ် သမီးလေးရဲ့.."
လူမော်အောင်ကပါ ဝင်၍ ရှင်းပြလိုက်သည်။
တကယ်တော့ နှင်းယမုံအောင် လေးက
အခုမှ ၁ နှစ်ကျော်လေးပင် ရှိသေးတာ။
ဘာမှ နားလည်သည် မဟုတ်သေး..။

ထိုနောက် ဓါတ်ပုံဆရာ ကိုခေါ်၍
သူတို့ မိသားစု ၃ ယောက်
သစ်ကုလားအုတ် နှင့် ဓါတ်ပုံ တွဲရိုက်လိုက်ကြသည်။

Princess of Dark God 🔞Where stories live. Discover now