|100|

1.7K 288 1
                                    

[Unicode]

"ကျောင်းသားတွေ! စိတ်ထဲမှာ အမြဲမှတ်သားထားကျပါ။ မနက်ဖြန်ဟာ မင်းတို့ရဲ့လက်ထဲမှာ!"

စတိတ်စင်ပေါ်မှ၊ ဆရာရဲ့မိန့်ခွန်းဆိုသံဟာ အားမာန်အပြည့်အဝဖြင့်။
ဟယ်ရှင်းလျန်ကတော့ သူ့ရှေ့မှစာအုပ်တွေကို၊ ငြိမ်သက်စွာပဲ သိမ်းဆည်းနေခဲ့တယ်။

သုံးနှစ်တာကာလကြီး...တက္ကသိုလ်ဝင်ခွင့်ဖြေရဖို့ အသေအလဲကြိုးစားခဲ့ရတဲ့အချိန်များ။

အတွေးများနေစဉ်မှာပဲ၊ ဘေးချင်းကပ်ရပ်ခုံမှကောင်လေးက သူ့ကိုလက်လာတို့တယ်။

ဟယ်ရှင်းလျန် လှည့်ကြည့်မိတယ်။
ဟယ်ရှင်းလျန်ရဲ့ဘေးချင်းကပ်ရပ်က...ဟိုတလောကမှ စားသောက်ဆိုင်မှာတွေ့ခဲ့တဲ့ အတန်းဖော်လေးပါ။

အတန်းဖော်လေးက ကြည့်ကောင်းတယ်၊ အပြုံးချိုချိုးလေးတွေ ပြုံးပြနေခဲ့ပြီး
"တစ်ခြားသူတွေကို အမှတ်တရစကားမရေးပေးရင်တောင်၊ ငါ့ကိုတော့ရေးပေးရမယ်နော်။ မဟုတ်ရင် ငါစိတ်ဆိုးမှာ!"

လူတိုင်းက ခွဲခွါခါနီးအချိန်လေးမှာ၊ မျက်ရည်အဝိုင်းသားတွေဖြစ်လို့။

ဟယ်ရှင်းလျန်လက်က အတန်းဖော်လေးရဲ့အင်္ကျီထဲ ဝင်ရောက်သွားလေရဲ့။

သူတို့ထိုင်နေတာက နောက်ဆုံးအတန်းမှာ။
လေအေးပေးစက်ကို ကျောပေးထားရတာကြောင့်၊ အတန်းဖော်လေးရဲ့နောက်ကျောပြင်ဟာ အေးစက်နေခဲ့ပါတယ်။

ဟယ်ရှင်းလျန်ရဲ့ခပ်နွေးနွေးလက်ဖဝါးကို ခံစားမိတော့၊ အတန်းဖော်လေးက ပြောလာတယ်
"ငါ့ကို လျောက်ထိမနေနဲ့"

ဟယ်ရှင်းလျန်ကတော့ ကျောရိုးတစ်လျောက် လက်ဖဝါးကိုရွေ့လျားနေတယ်။
"ထိမှာပဲ၊ မင်းပြောတော့ စိတ်ဆိုးမယ်ဆို"

ဆရာရဲ့ဩဝါဒခြွေမှုကြီးဟာ နောက်ဆုံးတော့ပြီးဆုံးသွားခဲ့ပါပြီ။
အတန်းထဲရှိလူတိုင်းက တစ်ယောက်ကိုတစ်ယောက် နွေးထွေးစွာပွေ့ဖက်နေခဲ့ကျတယ်။
အထက်တန်းကျောင်းသားဘဝရဲ့ နောက်ဆုံးသောအခိုက်အတန့်လေးအဖြစ်ပေါ့။

ဟယ်ရှင်းလျန်က ရေတစ်ငုံသောက်လိုက်တယ်။
ပြီးတာနဲ့ပဲ၊ စားပွဲပေါ်ရှိစာအုပ်ပုံကြီးကို သယ်ယူဖို့ပြင်ဆင်နေတယ်။

Hedgehog And Tiger [Myanmar Translation]Where stories live. Discover now