[Unicode]
ယာဉ်ရဲ့ဗဟိုကွပ်ကဲရေးဌာနမှာ Jing Yang က Denanfry နဲ့အတူ နည်းပညာရှင်တွေနဲ့ စစ်သားတွေ သတ္တုတူးဖော်မယ့်စက်ကိရိယာတွေ တပ်ဆင်တာကို ကြည့်နေပါတယ်။ စကြဝဠာမုန်တိုင်းဖြတ်သွားတဲ့အရှိန်ကြောင့် ဂြိုလ်တစ်ခုလုံး ရှုပ်ပွလို့နေပါတယ်။ Jing Yang က အခုထိ Wheelchair ပေါ်မှာ ထိုင်ရဆဲမို့ အောက်ဆင်းဖို့အဆင်မပြေသေးပါဘူး။ တပ်ဆင်တဲ့အချိန်မှာ အမှားအယွင်းမလုပ်မိစေဖို့ ဗဟိုကွပ်ကဲရေးဌာနကနေ စောင့်ကြည့်တာပဲ သူလုပ်နိုင်ပါတယ်။
ဗဟိုကွပ်ကဲရေးဌာနမှာ Morgan ကလည်း စက်ပြင်သမား စက်မှုပညာရှင်တွေကို ဦးဆောင်ပြီး ကြည့်နေပါတယ်။ Jing Yang တီထွင်လိုက်တဲ့ကိရိယာတွေက စမ်းသပ်ချက်တွေမှာ အောင်မြင်ခဲ့တယ်ဆိုတဲ့အကြောင်း သူတို့ကြားတုန်းက သူတို့ခံစားချက်တွေ အတော်လေး ရှုပ်ထွေးသွားခဲ့ပါသေးတယ်။ Denanfry ပထမဆုံးအကြိမ် Jinming ကြယ်အစုအဝေးကို သိမ်းပိုက်တုန်းက သတ္တုတူးဖော်ရေးကိရိယာတွေကို သူတို့ပထဆုံးစတင်ပြီး လေ့လာခဲ့ကြတာပါ။ ဒါပေမယ့် သူတို့မအောင်မြင်ခဲ့ကြပါဘူး။ နောက်တော့ မူလဂြိုလ်က စက်မှုသိပ္ပံနဲ့နည်းပညာကျောင်းကို လက်လွှဲပြီး ဆက်လက်လေ့လာစေပေမယ့် အခုထိ လက်တွေ့စမ်းသပ်ချက်တွေကနေ အောင်မြင်တယ်ဆိုတဲ့သတင်းမရသေးပါဘူး။ Fetani အင်ပါယာရဲ့ တိုးတက်မှုတွေက သူတို့ထက် အတော်လေး ရှေ့ရောက်နေပြီဆိုတာ ကြားသိရတုန်းက သူတို့အတော်လေး စိုးရိမ်ပူပန်ခဲ့ကြသေးတယ်။ ဒီတန်ဖိုးရှိတဲ့သတ္တုတွေကို ရသွားတယ်ဆိုတာက နောက်ထပ် နှစ်တစ်ရာ နှစ်ရာလောက် သုံးမကုန်တဲ့ ငွေတိုက်ကြီးကို ပိုင်ဆိုင်သွားသလိုပါပဲ။ အခုတော့ သူတို့စမ်းသပ်ချက် နောက်ဆုံးမှာ အောင်မြင်သွားခဲ့ပြီ။ ဒါပေမယ့်လည်း အဲ့ဒါက Fetani က လူတစ်ယောက်ကြောင့်တဲ့လေ။
ကိရိယာတွေတပ်ဆင်တာနဲ့ကို တစ်မနက်လောက် ကုန်သွားခဲ့ပါတယ်။ နောက်ဆုံးမှာ တပ်ဆင်လို့ပြီးသွားတဲ့အခါ နည်းပညာရှင်များကို စက်ကိရိယာတွေ အသက်သွင်းဖို့နဲ့ ပထမဆုံးကွင်းဆင်းစမ်းသပ်မှုပြုလုပ်ဖို့ အမိန့်ပေးလိုက်ပါတယ်။
မိနစ်နှစ်ဆယ်ကြာအပြီးမှာ စောင့်ကြည့်နေတဲ့ ဝန်ထမ်းက တင်ပြလာပါတယ် "ပထမဆုံးအလွှာက ကျောက်သားပါ။ အနက် မီတာ ၃၀ ကို အောင်မြင်စွာတူးဖော်နိုင်ခဲ့ပါတယ်"
YOU ARE READING
အရံဇာတ်ကောင်၏ လှည့်ဖြားခြင်း System [ဘာသာပြန်]
Adventureကမ္ဘာပေါင်းများစွာရဲ့ အရံဇာတ်ကောင် Arc 1-7 link https://www.wattpad.com/story/187067914?utm_source=android&utm_medium=link&utm_content=story_info&wp_page=story_details_button&wp_uname=Ellis_Hsu&wp_originator=G1qI1N5r%2B6QAxdydc3AHHoItnfqZZMLgEFx3k4U...
![အရံဇာတ်ကောင်၏ လှည့်ဖြားခြင်း System [ဘာသာပြန်]](https://img.wattpad.com/cover/293131710-64-k152408.jpg)