Chapter 12

31.3K 3.8K 57
                                    

Unicode

မိသားစုသုံးယောက်၊ ရုပ်ရှင်ဧကရာဇ်ကတော့အပျင်းဆုံးပဲ
__________________________________

မနက်ခင်း ယန်းချင်းချီနိုးလာသည့်အခါ သူ့ကိုသံကြိုးတွေနဲ့ချုပ်ထားသလို အင်အားမဲ့နေသည်ဟု ခံစားလိုက်ရသည်။ ခေါင်းကို အောက်သို့ နည်းနည်း ငုံ့ကြည့်လိုက်လျှင် သူ့ကို အခုထိတိုင်အောင် ဖက်အိပ်နေသည့် ကျန်းမော့ချန်အား မြင်ရမည်ဖြစ်သည်။ 'အခုထိတိုင်အောင်'ဆိုသည့်စကားအား သုံးနှုန်းလိုက်ရခြင်းမှာ ညက ညလယ်ကြီး ကျန်းမော့ချန်တစ်ယောက် ရုတ်တရက်လှည့်လာကာ လာဖက်အိပ်နေသောကြောင့်ပင်။ ယန်းချင်းချီက အမြဲအအိပ်ဆတ်သူဖြစ်သည်။ ထိုလူ၏ ဝက်ဝံလိုအင်အားကိုခံစားမိသည့်အခါ သတိအပြည့်ဖြင့် ချက်ချင်းကုန်းထပြီး ထိုလူ၏ လက်အား ရိုက်ချိုးမိမလိုတောင်ဖြစ်သွားသေးသည်။*

(T/N: ချင်းချီက ကိုယ်ခံပညာလည်းတတ်တော့ သတိကြီးပါတယ် ရုတ်တရက်ကြီးလာကိုင်ရင် ဖြတ်ရိုက်မိသလို အကျင့်ပါနေတာပါ)

သို့သော်ငြား သူထိုသို့မပြုလုပ်ခင် ဦးနှောက်ကအချိန်မှီဟန့်တားလိုက်နိုင်တာကြောင့်

\\ သတင်းထူး! သတင်းထူး! လင်-လင်နှစ်ယောက် မင်္ဂလာဦးညကြီးမှာ မင်္ဂလာဦးအိပ်ယာကိုသွေးစွန်းစေခဲ့သတဲ့။ ဒါက ကိုယ်ကျင့်တရားတွေ ယိုယွင်းလာတာကြောင့်လား ဒါမှမဟုတ် လူ့သဘာဝတွေ ပျက်စီးလာတာကြောင့်လား။ \\

ဆိုသည့် ကြောက်စရာ သတင်းခေါင်းစဥ်ကြီးအား အချိန်မှီ ရှောင်လွှဲနိုင်ခဲ့လေသည်။

သူ သူ့ခါးပေါ်က ကျန်းမော့ချန် လက်အားဖယ်ဖို့ပြင်လိုက်စဥ် ကျန်းမော့ချန်ကလည်း မသိစိတ်ဖြင့် ပြန်ဆုပ်ကိုင်လာသည်။

''မင်.. ဘာလု ....နေတာလဲ* ''
(မင်းဘာလုပ်နေတာလဲ)
ကျန်းမော့ချန်က မပီမပြင်ခပ်တိုးတိုး ရေရွတ်လာသည်။

''ကျွန်တော်ထချိန်ရောက်ပြီ ''

ကျန်းမော့ချန် ထိုစကားကြောင့် မျက်လုံးများအား မဖွင့်ချင်ဖွင့်ချင်ဖြင့် ဖွင့်လိုက်ကာ ဖုန်းကိုဖွင့်ပြီး တစ်ချက်ကြည့်လိုက်သည်။

ရုပ်ရှင်ဧကရာဇ်၏ သေလမ်းရှာ စေ့စပ်ထားသူလေး [ ဘာသာပြန် ] || Completed ||Where stories live. Discover now