Episode♡26

5.1K 561 72
                                    

"အကို​တော် ယွန်းဂီ!"

မြှားပစ်​လေ့ကျင့်​နေသည့် ကွင်းထဲသို့အ​ပြေးလာကာ ​အော်​နေ​သော​ပေါက်စ.....
ဂရုမစိုက်စွာ ​​ရှေ့ကပစ်မှတ်ကိုသာ​သေချာကြည့်ပြီး လက်ကိုဆန့်ကာ ​မြှားကိုကိုင်ပြီး အာရုံစိုက်၍ပစ်မည်ကြံတုန်း ပစ်မှတ်​ရှေ့ပိတ်ရပ်လာသည့် ဂျီမင်း.......

လက်မှလွတ်ထွက်​တော့မည့် မြှားကို​မောင်းမှ​သေချာပြန်ထိန်းကာ ​နေရာ​ရွေ့လိုက်​တော့ သစ်ပင်ကိုထိုးစိုက်သွားသည့် မြှားချွန်ချွန်......

"ဂျီမင်း ရူး​နေလား ​သေသွားနိုင်တာသိရဲ့လားဟမ်!!"

​ငေါက်လိုက်​တော့ သူ့ကိုမျက်ရည်များဖြင့်ကြည့်ကာ သနားစရာ​လေးလုပ်ပြ​နေတာ​ကြောင့် စိတ်ကိုတစ်ထစ်​လျော့လိုက်သည်။

"အကိုက ဂျီဂျီကိုမပစ်ဘူးဆိုတာကိုသိလို့​လေ"

"ဘာ..ဘာ အကို ခါတိုင်းလိုဘဲ​ခေါ် ဂျီဂျီ"

"ဟင့်အင်းမ​ခေါ်ဘူး ခုအကိုလို့​ခေါ်မယ် ​နောက်ကျရင်​တော့ ဂျီဂျီရဲ့​ခင်ပွန်း ဟီးးးး"

"ကျစ်....ဂျီဂျီ ဘယ်လို​တောင်ဖြစ်​နေရတာလဲ ငါတို့က....အွန့်"

​ဒေါသထွက်ကာ​ပြော​နေတဲ့ သူ့ကို ​မေးရိုးမှဆုပ်ကိုင်ကာနှုတ်ခမ်းကို ​မော့နမ်းတဲ့​ဂျီဂျီ​ကြောင့် ​ဒေါသ​တွေကို​ရေနဲ့ပတ်ဖြန်းလိုက်သလို ရှူးးးခနဲနဲ့ငြိမ်သက်သွားသည်။

"မဖြစ်နိုင်တာမရှိပါဘူး ထယ်ထယ်​တောင်အကို​တော်နဲ့လက်ဆက်လို့ရတာဘဲ ဂျီဂျီတို့လဲရပါတယ် ခုကစပြီးဂျီတို့ ချစ်သူဖြစ်တာတစ်ရက်​နော် ​နောက်ရက်ကျရင် အကို့အဘိုးဆီက​နေ​လာ​တောင်းမှာမို့ ​စောင့်​နေ​နော် သွားပြီ"

​ပြောချင်ရာကို စာက​လေးလိုတစ်တွတ်တွတ်​ပြောသွားသည့်​ပေါက်စ.... ရှက်ပြာရှက်ပြာနဲ့သွား​နေတာ ခလုတ်​တွေပါတိုက်လို့။

"တကယ် မလွယ်ဘူး"

ကိုယ့်နှုတ်ခမ်းကိုယ်ကိုင်ကြည့်ကာ ​ရေရွတ်လိုက်ပြီး ​ဘေးဘီကို​ဝှေ့ဝိုက်ကြည့်​တော့ အခြားမြှားပစ်​နေကြတဲ့လူ​တွေကသူ့ကိုကြည့်​နေကြသည်။အရှက်​ပြေ​ချောင်းတစ်ချက်ဟန့်ပြီး ​လေ့ကျင့်စခန်းကွင်းထဲက​နေထွက်လာလိုက်ရသည်။​နောက်မို့ဆိုရှက်လို့အဲ့​နေရာမှာတင် ​သေသွား​လောက်တယ်။

More  Than  Love::TK::{Completed}Where stories live. Discover now