12

90.1K 6.8K 1.2K
                                    

" ကိုကို ဒီနေ့ညမှကြယ်တွေက ပိုစုံနေသလိုပဲနော်'

လွန်းက လသာဆောင်ပေါ်မှ ကောင်းကင်ပေါ်ခေါင်းမော့ကြည့်ကာ ပြုံးရယ်လိုက်၏။စိတ်ညစ်စရာအကြောင်းအရာတွေမှ ရုန်းထွက်ပြီး ယခုလိုစိတ်လုံခြုံမှုပေးနိုင်သည့် မာန်ဟိန်းကိုကိုအနားတွင် ကပ်တွယ်နေရသည်က သူ့ကိုပိုပြီးစိတ်ချမ်းသာစေတာဖြစ်သည်။သို့ပေမယ့် စိတ်ထဲမသွတ်သွင်းထားသည့်လူတစ်ယောက်အား ရုတ်တရက်သတိရမိသွားသည်က ဘာကြောင့်မှန်းမသိ။ဘယ်လိုပဲဖြစ်ဖြစ် ထိုလူက အန္တရာယ်များသည့်အထဲတွင်ပါတာမို့ လွန်းအနေဖြင့် ဟန်နရီကိုယခုထက်ပိုပြီးမရင်းနှီးချင်တော့တာဖြစ်သည်။

' သဘောကျနေတယ်မလား ကိုကို့အဆိုးလေးက'

' သဘောကျတာပေါ့ အခုလိုကိုကိုနဲ့ ကြယ်လေးတွေကြည့်ရတာလဲပျော်တယ်'

' ဒီည ဒီပေါ်မှာပဲအိပ်ချင်တာသေချာရဲ့လား အဆင်မပြေရင်ကိုကိုတို့ ဟိုဘက်အဆောင်မှာပြန်အိပ်ကြမယ်'

' ဟင့်အင်း ကျွန်တော်ကဒီမှာပဲအိပ်ချင်တာ "

' မိုးရွာချရင်တော့ နှစ်ယောက်လုံးကြည့်ကောင်းအုံးမယ် '

' အဲ့တော့လည်းအောက်ထပ်ကိုပြန်ပြေးဆင်းကြတာပေါ့'

' လူလည်လေး'

' လွန်းတာနေဆန်း!!!!! ဘယ်မှာလဲ'

'ဟင်'

လူကိုမမြင်ရသေးသော်လည်း ရှင်းလင်းစွာကြားလိုက်ရသည့် သြရှရှအသံကြောင့် လွန်းကဂေဟာခြံပြင်ဘက်သို့ အပေါ်မှလှမ်းကြည့်လိုက်၏။ဘာအကြောင်းကြောင့် ညအချိန်မတော် ယခုလိုလိုက်လာသလဲဆိုတာမသိသေးသော်လည်း ဟန်နရီရဲ့ပုံစံက သူ့ကိုအပူတပြင်းရှာဖွေသလိုဖြစ်နေတာမို့ လွန်းကထိုနေရာတွင်ပင် အံ့သြသွားရသည်။

' ကိုကိုခဏနော် ကျွန်တော်သူ့ကိုခဏသွားတွေ့လိုက်အုံးမယ်'

' ကိုကိုလိုက်ခဲ့ပေးရအုံးမလား'

' ရတယ်ကိုကို ကျွန်တော်အမြန်ဖြေရှင်းပြီးပြန်လာခဲ့မယ်'

လွန်းက တုံ့ဆိုင်းခြင်းမရှိပဲ ထိုနေရာမှအလျှင်အမြန်ထွက်ခွာကာ ခြံပြင်ပြေးထွက်သွား၏။လူကိုမတွေ့မချင်း အော်ခေါ်နေပုံက ဂေဟာမှအခြားအဆောင်တွေကိုပါ အားနာစရာကောင်းလှသည်။ဟန်နရီက လွန်းကိုတွေ့သည်နှင့်ခဏတာငြိမ်သက်သွားသော်လည်း သူ့ပါးစောင်ကိုလျှာနှင့်ထိုးကာ လွန်းကိုပေကပ်ကပ်စူးစိုက်ကြည့်နေဆဲဖြစ်၏။

HANARY(S1+S2) Where stories live. Discover now