Chapter 14

30K 4.1K 74
                                    

Unicode

ပြီးပြည့်စုံသည့် နတ်ဘုရားတပါးဖြစ်ဖို့ လိုအပ်သော အရည်အချင်း :: အရုပ်ကောက်ကျွမ်းကျင်ရမယ်
__________________________________

သူတို့နှင့်သိပ်မဝေးသောနေရာတွင် အရုပ်ကောက်စက်များရှိသည်။ ယန်းချင်းချီကြည့်လိုက်တဲ့အခါ အရုပ်ကောက်စက်များကြားမှ နှစ်ခုကတော့ သာမန်ထက်ပိုသေးကာ တပ်ဆင်ထားသည့် ဒီဇိုင်းမှာလည်း အခြားစက်များနှင့် ကွဲပြားသည်ကို သတိထားမိလိုက်လေသည်။ ထိုစက်လေးနှစ်ခုက ကျိန်းသေပေါက် ကလေးတွေအတွက် ဖန်တီးထားတာ ဖြစ်နိုင်သည်။

သူ ချီချီ့ကိုမေးလိုက်သည်။
''ဟိုက အရုပ်မွေးပွလေးတွေ ကောက်ချင်လား ''

ချီချီက သေချာမြင်ရအောင် ရှေ့ပိုတိုးသွားကာ စက်ထဲက အဖြူရောင်ပါပီရုပ်လေးကိုလက်ညှိုး ထိုးပြလာလေ၏။

''သားက အဲ့အရုပ်လိုချင်တာလား ''

ချီချီက ခေါင်းငြိမ့်ပြလေသည်။

ယန်းချင်းချီက ဂိမ်းအကြွေစေ့လေးအား ချီချီလက်ထဲထည့်ပေးကာ
''ဒီအကြွေစေ့ကို ဒီအပေါက်ထဲထည့် ပြီးရင် ဒီခလုတ်ကို အရုပ်ကောက်ဖို့ အရှေ့အနောက် ရွှေ့ ''
သူက ကလေးအားတစ်ဆင့်ချင်းရှင်းပြသည်။

ချီချီကလည်း သူပြောတဲ့အတိုင်း အကြွေစေ့ကို အပေါက်ထဲထည့်ကာ စကောက်ဖို့ပြင်လိုက်လေသည်။ သို့သော်ငြား တခါမှမဆော့ဖူးတာကြောင့် အရုပ်ကောက်စက် ချိတ်လေးမှာ ကောက်ဖို့ပြင်လိုက်တိုင်း လှုပ်ခါနေကာ အရုပ်ကိုထိဖို့ဝေးစွ အချိန်ပြည့်သွားလို့ ရပ်ရပ်သွားလေသည်။

ချီချီက ယန်းချင်းချီအား နားမလည်သလိုလေးမော့ကြည့်လာသည်။

ယန်းချင်းချီက နောက်အကြွေစေ့တစ်ခုကူထည့်ပေးလိုက်ကာ
''နောက်တစ်ခေါက် ''

ချီချီက ခလုတ်ကလေးကိုရွှေ့ကာ ထပ်ကောက်သော်ငြားလည်း ဘာမှမဖမ်းမိပေ။

ယန်းချင်းချီ စက်ထဲကို စေ့စေ့စပ်စပ်လိုက်ကြည့်လိုက်ရင်း အရုပ်ချတဲ့ boxနှင့်ကပ်နေသည့် လိပ်ရုပ်လေးအား လက်ညှိုးထိုးပြလာသည်။
''အဲ့ဒါကိုကောက်ကြည့် ''

ရုပ်ရှင်ဧကရာဇ်၏ သေလမ်းရှာ စေ့စပ်ထားသူလေး [ ဘာသာပြန် ] || Completed ||Where stories live. Discover now