Part 35*

37.1K 2.8K 31
                                    

နာရီပေါင်း 11 နာရီခွဲလောက်ကွာဟနေတဲ့အချိန်ကာလမှာ ချစ်ရသူနဲ့စကားပြောရမည်ဆိုရင် မအိပ်၍လည်းသီဟနေနိုင်သည်။

ဒီဘက်က ည ၉နာရီခွဲနေပြီဆိုပေမယ့် ထွဋ်ခေါင်တို့ဘက်မှာတော့ မနက် ၁၀နါရီလောက်ပင်ရှိချေသည်။ အလုပ်စားပွဲမှာ ထိုင်နေပြီး တစ်ဖက်က မနက်စာစားနေသော ချစ်ရသူအားကြည့်နေမိသည်။ကြည်လင်နေသောမျက်နှာလေးကိုမြင်ရတာကြောင့် စိတ်ချမ်းသာရသည်။

" မောင် မအိပ်သေးဘူးလား "

" အိပ်တာကအရေးကြီးလို့လားကွာ၊ အချစ်အလုပ်သွားမှ အိပ်မယ်"

" နောက်ကျနေပြီမလား "

" အများကြီးနောက်မကျသေးပါဘူး၊ စားစား ရေလည်းသောက်ဉီး "

" ........... "

မေးကိုထောက်ကာ စားနေသည်ကိုထိုင်ကြည့်နေသောသီဟကြောင့် ထွဋ်ခေါင်ဘာပြောရမှန်းမသိဖြစ်နေမိသည်။ စိုးရိမ်ခြင်းဆိုသောစိတ်တွေကိုမျက်လုံးထဲ အတိုင်းသားမြင်ရ၏။

" မောင် "

" ဗျာ "

" အလုပ်သေချာလုပ် "

" ဟုတ်ပါပြီ၊ သဲငယ်သာ အဆင်ပြေအောင် အလုပ်တွေစီမံခဲ့၊ အဆင်မပြေရင်မောင့်ကိုပြောနော်"

" ပြေမှာပါ ငါ့ရဲ့စိတ်ကိုမင်းသိသားနဲ့ "

" မောင်သိပါတယ် "

" မောင် "

" ဗျာ "

" ငါ့ကို ဘယ်လောက်တောင်ချစ်တာလဲ "

ထိုမေးခွန်းကြောင့် သီဟခါးပင်မတ်သွားသည်။ ဒီမေးခွန်းဘာကြောင့်မေးလဲဆိုတာ နားမလည်နိုင်ပါ။သို့သော်သိချင်နေသောသူရဲ့အမေးကြောင့်ဖြေရပေမည်။

" အကြောင်းပြချက်မလိုလောက်ဘူးထင်တယ်၊ မောင်ပြောခဲ့သားပဲ၊ မောင်က သဲငယ်ကို လက်မထပ်ခင်ကတည်းကသဘောကျခဲ့ရတာ၊ အခုထိလည်းသဘောကျတယ်"

" ဘယ်ချိန်သဘောကျတာရပ်မှာလဲ "

" ရပ်ဖို့မရှိဘူးလေ သဲငယ်ရဲ့၊ မောင့်ရဲ့နှလုံးသားလေးထဲ သဲငယ်ကိုအမြဲထည့်သိမ်းထားတာ၊ သဘောမကျတော့ဘူးဆ်ိုတဲ့နေ့မရောက်လာဘူး "

မောင့်မူပိုင် (Completed) Where stories live. Discover now