5.2(Z)

503 110 4
                                    

စာသင်နှစ်တစ်ခုပြီးသွားတော့ သူတို့အိမ်ရဲ့ မင်းသမီးလေး ရှန်းယိုလင်ဟာ ဆောင်းရာသီအားလပ်ရက်အတွက် အိမ်သို့ပြန်လာခဲ့သည်။

ချန်လီကောက သူ့သမီးကို လေဆိပ်မှာသွားကြိုတော့ သူ့မျက်လုံးတွေကျွတ်ကျမတတ်ဖြစ်သွားသည်။

သူ့ရဲ့ မင်းသမီးငယ်လေးရဲ့ အသားဖြူဖြူတွေဟာချောကလက်ရောင်ဘက်သမ်းနေခဲ့သည်။သူမပါးစပ်တွေဖွင့်ပြီး စကားပြောလိုက်တဲ့အခါမှာတော့ သူမသွားတွေက ဖွေးဖြူနေခဲ့ပြီး လူအများရဲ့ အာရုံကိုဖမ်းစားနေခဲ့သည်။သူမက သူ့အဖေနဲ့ရီဟွိုင်ကိုဖက်လိုက်ပြီး ပြောလာသည်။

"သမီးပြန်လာပြီ သမီးကိုလွမ်းနေကြလား"

ချန်လီကောရဲ့ အပြုအမူတွေက စိတ်မချမ်းသာပုံပေါ်ပေမယ့် ရီဟွိုင်ကတော့ ဆန့်ကျင်ဘက်ဖြစ်သည်။တကယ်တော့ သူချန်လီကောရဲ့ ပုံစံကိုမြင်တော့ သူ့မျက်လုံးထဲမှာ ပြုံးရိပ်တွေသမ်းသွားသည်။သူက "အင်း"ဟု ပြောလျက် ရှန်းယိုလင်ရဲ့ ခေါင်းကို ပွတ်ပေးလိုက်သည်။

"အဖေ သမီး အရပ်ထပ်ရှည်လာတယ်လို့ တွေးမိတယ်မလား"

ဘယ်လိုလုပ် သူမတွေးမိပဲ နေပါ့မလဲ???ရှန်းယိုလင် စာသင်ဖို့ထွက်သွားတုန်းက သူမအရပ်က ၁၆၈စင်တီမီတာ ဖြစ်ပြီးတော့ အခုသူပြန်ရောက်လာတော့ သူမက ဒေါက်ဖိနပ်အမြင့်ကြီးကို စီးထားပြီးတော့ သူနဲ့အရပ်တူတူဖြစ်နေလေပြီ။

"နေဦး အဖေ အိမ်ပြန်ရောက်မှ သမီးကြွက်သားတွေကိုလည်း အဖေ့ကိုထပ်ကြွားရဦးမယ်"

ချန်လီကောက အိမ်ပြန်တဲ့တစ်လမ်းလုံး စကားမပြောပေ။ကားထဲကိုဝင်လိုက်တာနဲ့ သူ့မျက်နှာမှာ အမူအရာတစ်ချက်မှမပြတော့။

တခြားသူတွေသာ ချန်လီကောကို ဒီပုံစံမြင်လိုက်ရင် သူတို့သေချာပေါက် ကြောက်သွားမည်သာ။သို့သော် ရီဟွိုင်အတွက်တော့ သူမျက်စိနဲ့သေချာစိုက်မကြည့်ရင်တောင် သူ့သခင်ရဲ့စိတ်အခြေအနေက သူ့သမီးကိုရှုံးနိမ့်လို့ဆိုတာ သိလေသည်။

သူတို့အိမ်ပြန်ရောက်တော့ ရှန်းယိုလင်က သွေးပူလေ့ကျင့်ခန်းတွေစတင်လုပ်တော့သည်။ထို့နောက် သူမရဲ့ရှပ်အင်္ကျီကို မပြီး ချက်ချင်းချွတ်ပစ်လိုက်ပြီးနောက် သူမရဲ့ ဗိုက်ကြွက်သား တွေကို ပြလာသည်။

Perfect Destiny Arc7 မြန်မာဘာသာပြန်Where stories live. Discover now