5.3(U)

2.6K 423 8
                                    

ချန်လီကော ဘားထဲဝင်လာတော့ လူမရှိတာကိုတွေ့လိုက်ရသည်။

အနီးနားက ကောင်တာနားရောက်တော့ အန်းဂတ်စ်ကို အရက်စပ်ပေးတဲ့သူနေရာရောက်နေတာကိုတွေ့လိုက်ရသည်။

လိင်တူချစ်သူတစ်ယောက်အနေနဲ့ပြောရရင်
အန်းဂတ်စ်က အရမ်းဆွဲဆောင်မှုရှိသည်။ထို့အပြင် သူ့၏ အရက်စပ်ဝတ်စုံကလည်း သူ့ချောမောမှုကို ပံ့ပိုးပေးနေလေသည်။

"မင်းရောက်လာပြီလား???"

အန်းဂတ်စ်က ရယ်လျက် ပြောလာသည်။

"ကိုယ်မင်းအတွက် ဝိုင်တစ်ခွက် စပ်ပေးမယ်
မင်းမြည်းကြည့်မလား????"

ချန်လီကောက သူကမ်းပေးလာတဲ့ ခွက်ကို ကြည့်လာရင်း တစ်ငုံသောက်လိုက်သည်။သူသိသည်
အန်းဂတ်စ်က ဘယ်လောက်ပဲ ပေါ့ပျက်ပျက်နိုင်ပါစေဦး အရက်ထဲဆေးခပ်မဲ့သူမဟုတ်မှန်း။ထို့ကြောင့် သူလူများများ မခေါ်ခဲ့မိဘူး။

ဝိုင်က ပါးစပ်ထဲ ဝင်လိုက်တာနဲ့ ပြင်းရှရှနိုင်လှသည်။ထို့ကြောင့် သူမျက်ခုံးတွန့်မိသော်လည်း
လျှာနောက်ကိုရောက်သွားတဲ့အခါမှာတော့ ပူပြင်းရှတတနိုင်တဲ့အရသာကနေ ချိုမြိန်တဲ့အရသာသို့ ပြောင်းသွားသည်။အဲဒါက တဖြည်းဖြည်းနဲ့ သူ့လည်ချောင်းကနေ ဗိုက်ထဲသို့ ရောက်သွားသည်။
ချန်လီကောက သူ့လက်ကို ပါးစပ်လေးနဲ့ အုပ်လျက် ချောင်း တိုးတိုးလေး ဆိုးလိုက်သည်။

"ဘယ်လိုနေလဲ???"

အန်းဂတ်စ်က မေးလာသည်။

ချန်လီကောက မဖြေချင်ပေမဲ့ နောက်ဆုံးမှာတော့ ဝိုင်ကို သူချီးကျူးမိသွားသည်။

"ကိုယ်က တရုတ်သွေး ၈ပုံတစ်ပုံလောက် စပ်တယ်လေ....ကိုယ့်အဘွားက ကပြားလေ"

ချန်လီကောက သူ့ကို ပျင်းရိစွာကြည့်လိုက်ပြီး
ဘာမှမပြောပေ။

အန်းဂတ်စ်က ထပ်ပြောလာသည်။

"ကိုယ်တရုတ်နိုင်ငံကို သဘောကျတယ်..ဒီနိုင်ငံက အတော်လှတယ် အင်း..လူမျိုးတွေကလည်း
အရမ်းလှတယ်လေ..အထူးသဖြင့် မင်းလိုလူပေါ့"

အန်းဂတ်စ်က ရယ်ရင်း နောက်ဆက်တွဲစကားကို
ဆက်ပြောလာသည်။

"မင်းအဘွားက မင်းကိုမသင်ပေးလိုက်ဘူးလား
တရုတ်ယောက်ျားတွေကို အလှလေးလို့မခေါ်ရဘူးဆိုတာ"

Perfect Destiny Arc7 မြန်မာဘာသာပြန်Where stories live. Discover now