Part29

4K 449 55
                                    

ဗညားသတိုး တောင်ရှည်ပုဆိုးကို ပေါင်တံရှိထိုးကွင်းမင်ကြောင်များပေါ်သည်အထိ အောက်ပိုးကျိုက်လိုက်သည်။ကွန့်ရောင်ဝါဓားကိုကိုင်ကာ စစ်လေ့ကျင်းရေးကွင်းထဲ ဆင်းသည်။ကဆုန်လပြည့်နေ့ဖြစ်၍ စစ်တန်းလျားတွင် ဘယ်သူမှမရှိ။ဗညားသတိုး ကွန့်ရောင်ဝါဓားကိုဓားအိမ်ထဲမှထုတ်ကာ နန်းစောရှင်ကို မျက်ခုံးပင့်၍ကြည့်သည်။

အိမ်ရှေ့မင်းရဲ့စိန်ခေါ်သည့်အကြည့်ကြောင့် နန်းစောရှင်လည်း အောက်ပိုးကျိုက်ပြီး ပိုးချည်လွှားဓားကို ဓားအိမ်ထဲမှထုတ်ကာ အိမ်ရှေ့မင်းရှေ့ ရပ်လိုက်သည်။

ဗညားသတိုး နန်းစောရှင်ရဲ့တောင့်တင်းဖြူဖွေးပြီး ထိုးကွင်းမင်ကြောင်အပြည့်ရှိ‌သည့်ပေါင်တံလေးကို မြင်ရသောကြောင့် စိတ်ကျေနပ်သွားသည်။ဗညားသတိုး နန်းစောရှင် ပိုးချည်လွှား‌ဓားကို ဝင့်လိုက်သည့်ကိုယ်ဟန်လေးကြောင့် ကွန့်ရောင်ဝါဓားကို ဝင့်လိုက်သည်။

ဓားသွားချင်းထိခတ်သည့်အသံက‌ တိတ်ဆိတ်နေသောလေ့ကျင့်ရေးကွင်းအတွင်း ပေါ်ထွက်လာသည်။နန်းစောရှင်ရဲ့ဓားရေးက အလွန်တိုးတက်လာကာ လျင်မြန်သည်။ဗညားသတိုး  နှုတ်ခမ်းထောင့်တို့ ကော့တက်လာပြီး အလေးအနက်ထားကာ အပြင်းအထန်တိုက်ခိုက်သည်။

ကဆုန်လရဲ့ပူပြင်းသည့်နေရောင်က ကွင်းပြင်အလယ်က ယောကျာ်းသားနှစ်ဦးကို ချွေးတို့ဖြင့် စိုစွတ်စေသည်။နန်းစောရှင်ရဲ့ဆံစနှင့်နှဖူးတို့က ချွေးစို့နေပြီး ဗညားသတိုးရဲ့မျက်နှာပေါ်တွင်တော့ ချွေးတစက်စက်ကျနေသည်။

ပိုးချည်လွှားဓားက နန်းစောရှင်ရဲ့ကိုယ်ခန္ဓာအစိတ်အပိုင်းတစ်ခုဖြစ်နေသည့်အတိုင်း လိုသလိုရွေ့လျားနေသည်။ဗညားသတိုးလည်း နည်းနည်းမှအလျော့မပေးဘဲ တိုက်သည်။နေရောင်ကြောင့် ဓားသွားအရောင်တို့က တလက်လက်။

နန်းစောရှင် အပြင်းအထန်တိုက်ပေမယ့် အိမ်ရှေ့မင်းရဲ့ဓားရေးက ကောင်းလွန်းသည်။နန်းစောရှင် အမှားတစ်ချက်လုပ်မိသည့်အခိုက် အိမ်ရှေ့မင်းရဲ့ဓားသွားက နန်းစောရှင် လည်မျိုပေါ်ကို ရောက်လာသည်။နန်းစောရှင် ပြုံးကာ ပိုးချည်လွှားဓားကို ပစ်ချလိုက်သည်။

ချစ်သောပြည့်ရှင်မင်း(Completed)Where stories live. Discover now