Chapter 182 +183

2.7K 509 18
                                    

Zawgyi
Chapter 182
{ ဥက္ကဋ္ဌလု... ရှင်တကယ်အရှက်မရှိတာပဲ - ၃}

" ဟုတ်ပါတယ်... အကုန်လုံးက အမှားတွေပါပဲ... လူပြိန်းကြိုက်သတင်းစာနဲ့မဂ္ဂဇင်းတွေက လုပ်ကြံပြီးရေးထားကြတာပါ... "

" ဒါဆို မစ္စရှန်တို့ရဲ့အချစ်ဇာတ်လမ်းလေးကြားကို ချမ်းသာလာခါစသူဌေးတစ်ယောက်ရဲ့သမီးက ဖြတ်ဝင်တယ်ဆိုတဲ့ကိစ္စကလည်း အမှားပေါ့နော်... ကျွန်မ ပြောတာ ဟုတ်တယ်မလား မစ္စရှန်... " ရီကျန်းသည် ထိုစကားကို ပြောရင်း သူမကိုယ်သူမ လက်ညှိုးထိုးပြလိုက်၏...

ရှန်ဝေ့ရင်းသည် အသက်ပြင်းပြင်းရှုရင်း သူမရဲ့လက်တို့ကို တင်းကျပ်စွာဆုပ်ထားမိချေသည်... အစည်းအဝေးခန်းအပြင်ရှိလူများက သူမတို့ ပြောနေသည့်စကားကို နားစွင့်နေမှန်း ရှန်ဝေ့ရင်းတစ်ယောက် သတိထားမိပြီးသားဖြစ်သည်... အကယ်၍ ထိုလူများကသာ သူမ တမင်ရည်ရွယ်ပြီးဖြန့်ထားခဲ့သောကောလဟလများနှင့် အတင်းအဖျင်းများက လုပ်ကြံဖန်တီးထားသည့်သတင်းအမှားများမှန်း သိသွားခဲ့ပါလျှင် သူမ ကြိုးစားထားသမျှဟာ သဲထဲရေသွန်ဖြစ်သွားနိုင်ပေသည်...

" ဟုတ်ပါတယ်... အားလုံးက အမှားတွေပါ... "

ထိုအခါ ရီကျန်းက ခေါင်းတညိမ့်ညိမ့်လုပ်လိုက်ပြီး " မစ္စရှန် ပြောတာမှန်တယ်... အင်တာနက်ပေါ်မှာက အဓိပ္ပါယ်မရှိတဲ့ပေါက်ကရအတင်းအဖျင်းတွေ၊ ကောဟလဟလတွေနဲ့ ပြည့်နေတာပဲ... သူတို့မှာ ကျင့်ဝတ်ဆိုတာ မရှိကြဘူးထင်ပါတယ်... အထူးသဖြင့် လျှို့ဝှက်ကြံစည်ပြီး မဟုတ်တမ်းတရားတွေ လိုက်ဖြန့်တတ်တဲ့သူတွေပေါ့... အဲ့လိုလူတွေက ရွံ့စရာကောင်းပါတယ်လေ... သူတို့က မဖြစ်သစလောက်အကျိုးအမြတ်လေးအတွက်နဲ့ ကျင့်ဝတ်ကို ဖေါက်ဖျက်ကြတာ...  မစ္စရှန်က ဒီလိုကောလဟလမျိုးကို ဂရုမစိုက်ဘူးဆိုတာ ကျွန်မ သိပါတယ်... ဒါပေမယ့် အဲ့ကောလဟလတွေက မစ္စရှန်ရဲ့အနုပညာပုံရိပ်နဲ့ဂုဏ်သတင်းကို ထိခိုက်စေတယ်လေ... ပေရွှမ်းက အိမ်ထောင်ရှိတဲ့အမျိုသားတစ်ယောက်ဆိုတော့ မစ္စရှန်ကို သူများလင်မယားကြားထဲဝင်နေတဲ့တတိယလူလို့ပြောကြလိမ့်မယ်... "

ရှန်ဝေ့ရင်းသည် ဘာမျြှပန်မပြောဘဲ တိတ်ဆိတ်နေခဲ့လေတယ်...

ဗီလိန်ရဲ့ကိုယ်ဝန်ကိုလွယ်ထားရပြီ/ ဗီလိန္ရဲ႕ကိုယ္ဝန္ကိုလြယ္ထားရၿပီ(mm translation)Where stories live. Discover now