Chapter-18

1.8K 365 16
                                    

Unicode

ဗီလိန်ကအကြံကြီးတဲ့ဘော့စ်


လန်ယွဲ့စကားလုံးတွေအရ ကိစ္စတော်တော်များများကို ဂူရှီးယွီအထာပေါက်သွားသည်။
ပထမဆုံးအနေနဲ့ လန်ယွဲ့နဲ့ကျီဇီရွှမ်ကသိပ်မျက်နှာကြောမတည့်ဘူး။
သူတို့ဘယ်လောက်တောင်အဆင်မပြေဖြစ်ကြလဲဆိုရင် အခုဆိုလန်ယွဲ့ကကျီဇီရွှမ်ရဲ့လူ(ချင်ချန်းချန်း)ကိုပြန်ပေးဆွဲပီးပြဿနာရှာနေပီဖြစ်သည်။
ဒုတိယတခုအနေနဲ့ လန်ယွဲ့ရဲ့ဒီနေ့ပြောစကားတွေအရ ကျီချင်နဲ့လည်းအပေါက်အလမ်းသိပ်တည့်ပုံမရပေ။
မူလပိုင်ရှင် လီရန်ကုမ္ပဏီမှာအလုပ်လုပ်တုန်းက သာမန်၀န်ထမ်းပဲဖြစ်ပုံမရဘူး။
နောက်ကွယ်မှာ မူလပိုင်ရှင်နဲ့လန်ယွဲ့တိတ်တဆိတ်ပူးပေါင်းပီး ကျီချင်နဲ့ဖုန်းမင်ကုမ္ပဏီကိုပြဿနာတက်အောင်လုပ်မို့ဆိုပေမယ့် အချို့အကြောင်းကိစ္စတွေကြောင့်အစီအစဥ်နောက်ဆုတ်လိုက်တယ်။

နောက်ဆုံးတခုအနေနဲ့ လန်ယွဲ့ပဲရွဲ့ပြောတာလား ဒါမှမဟုတ်သူနဲ့မူလပိုင်ရှင်ကြားမှာမရေရာတဲ့ဆက်ဆံရေးတခုရှိသလားဆိုတာ ဂူရှီးယွီမပြောတတ်ပေ။
ဂူရှီးယွီက လန်ယွဲ့ရဲ့မေးခွန်းကိုမဖြေဘဲ
"ဆိုတော့ ကျနော့်ကိုသတ်ဖို့လူလွှတ်လိုက်တာ ခင်ဗျားလား၊ ပီးတော့အဲ့နေ့ကကျနော့်အိမ်ကိုမီးရှို့လိုက်တာရော ခင်ဗျားပဲလား"
လန်ယွဲ့ကပခုံးတွန့်ကာ အေးစက်စက်အပြုံးတွေနဲ့ကြည့်ပီး
"ရှီးယွီ ကိုယ်ပြောချင်တာရှင်းရှင်းလေးပါ။
မင်းကိုယ့်ဆီကခိုးသွားတဲ့ပစ္စည်းလေးပြန်လိုချင်ရုံပဲ"
သူကျိန်းသေပေါက် ဟိုUSBကိုဆိုလိုတာပဲ...
ဂူရှီးယွီကပြန်မေးလိုက်သည်
"ပြန်ပေးလိုက်ပီဆိုပါတော့၊ဒါပေမယ့် ကျနော်ကခင်ဗျားရဲ့လျှို့၀ှက်ချက်တွေသိနေလို့နှုတ်ပိတ်မှာပဲမဟုတ်လား"

လန်ယွဲ့ကမျက်လုံးထောင့်ကပ်ကာကြည့်ပီး
"မင်းကိုယ်နဲ့ကိုယ့်ကုမ္ပဏီကို သစ္စာဖောက်လိုက်ပီဆိုကတည်းက ဖြစ်လာမယ့်အကျိုးဆက်တွေကိုတွေးထားပီးသားမဟုတ်ဘူးလား"
ဂူရှီးယွီကောင်းကောင်းသိပါတယ်ဆိုတဲ့ပုံနဲ့
"ကျနော့်အဖေကုမ္ပဏီဒေ၀ါလီခံရတဲ့ကိစ္စက ခင်ဗျားလက်ချက်ပေါ့လေ"

ဗီလိန်ကငါ့Systemကို၀င်စီးသွားတယ်{မြန်မာဘာသာပြန်}Where stories live. Discover now