Chapter(322) - အပြန်အလှန် မယုံကြည်မှု

2.9K 754 64
                                    

Unicode

အခန်း(၃၂၂) - အပြန်အလှန် မယုံကြည်မှု

"အင်း" လင်ကျန်က ခေါင်းညိတ်ပြပြီး တည်ငြိမ်စွာပြန်ဖြေသည်။

"ခင်ဗျားလို ခွေးမသားကို ချစ်မိသွားတာလား?"

အရှေ့ဘက်အုပ်စိုးသူအရှင်, "...."

အုပ်စိုးသူအရှင်က ပြန်ပြောသည်။

"မင်းပါးစပ်လေးကလေ လူတွေကို တံဆိပ်ခတ်ပြီး အနိုင်ကျင့်ချင်စိတ်ဖြစ်စေတယ်"

လင်ကျန်က 'ဟ!'ဆိုတဲ့အသံထုတ်လိုက်ပြီး တစ်ဆက်တည်းပြောသည်။
"နှာဘူး"

အရှေ့ဘက် အုပ်စိုးသူအရှင်ကတော့ မတုပ်မလှုပ်ဖြင့်ပင် သူ့ရဲ့ရှည်လျားသွယ်ပြောင်းသည့် လက်ချောင်းများက လင်ကျန်ရဲ့နှုတ်ခမ်းကို အကြိမ်အနည်းငယ် ပွတ်လိုက်သည်။

"မင်းရဲ့အကြီးမားဆုံး အမှားကတော့ အစကနေ အဆုံးထိ ငါ့ကိုဘယ်တုန်းကမှ မယုံကြည်ခဲ့တာပဲ"

လင်ကျန်က အနည်းငယ် ဒေါသတကြီးဖြင့် ပုန်းကွယ်ချင်သော်လည်း မသိလိုက်စွာပင် စံအိမ်ဘေး ရေစပ်နားက ကျောက်တိုင်ပေါ်သို့ အရှေ့ဘက်အုပ်စိုးသူအရှင်ရဲ့ ဖိချခြင်းကို ခံလိုက်ရသည်။ ကျောက်တိုင်ရဲ့ နောက်မှာ တိုင်လုံးတစ်ခုရှိပြီး သူ့နောက်မှာတော့ ပင်လယ်ဖြစ်သည်။ သူလုံးဝကို နောက်ဆုတ်လို့မရဘူး။ လင်ကျန်က ရိုးရှင်းစွာပင် မျက်လုံးများမှိတ်လိုက်၍ သူ့ဘဝကို ရက်ရက်ရောရော လက်လျော့လိုက်တော့သည်။

"ကျွန်တော့ရဲ့ ယုံကြည်မှုကိုရဖို့ ခင်ဗျားက ဘာတွေထိုက်တန်နေလို့လဲ? ရွှမ်းဝူရှဲ့, ကျွန်တော်တို့က အကျိုးကျေးဇူးအရ ပူးပေါင်းကြတာပဲလေ, နားမလည်ဘူးလား? ဘယ်လိုပဲဖြစ်ဖြစ် ကျွန်တော်လည်း ခင်ဗျားလို တစ်ခြားဘုံနယ်မြေက လူတစ်ယောက်နဲ့ စကားပြောဆိုမှု မလုပ်နိုင်ပါဘူး, အိုး စကားမစပ် ခင်ဗျားတို့ ဘုံက စကားနဲ့ဆိုရင် ခင်ဗျားနဲ့ကျွန်တော်က 'တစ်ညတာအိပ်ဖော်'တွေလို့ ခေါ်ရမလားပဲ, အိပ်ပြီးသွားပြီ ဆိုတာနဲ့ ကိုယ့်သက်ဆိုင်ရာ မိသားစု အသီးသီးကိုပြန်ပြီး ကိုယ့်အမေကိုယ် ရှာကြရမှာပဲလေ— ခင်ဗျားအမေက ကျွန်တော့ကို သိပ်သဘောမကျဘူး, ခင်ဗျားလည်း ဘာမျိုးနွယ်စုက မင်းသမီးဆိုလား လက်ထပ်လိုက်တယ်မှတ်လား? ကလေးရောရနေပြီလား? ကလေးအသက်တောင် ဘယ်လောက်ဖြစ်နေပြီလဲ ဟန်?"

(Book-2)အမြင့်မြတ်ဆုံး ကောင်းကင်အရှင်၏ ပြန်လည်မွေးဖွားခြင်းWhere stories live. Discover now