13

87.2K 6.7K 450
                                    

" အိပ်နေပြီလား သား "

အခန်းတံခါးရှေ့မှအသံပြုလာသည့်မာမီကြောင့် ဟန်နရီကသူ့လက်ကိုင်ဖုန်းကိုအံဆွဲထဲထိုးထည့်ကာ ပုံမှန်ကိုင်နေကျဖြစ်သည့်ဖုန်းကိုသာ စားပွဲပေါ်ပြန်တင်လိုက်၏။

' lockမချထားဘူးမာမီ ၀င်ခဲ့လို့ရတယ် "

ခွင့်ပြုသံအဆုံး၌ ဒေါ်ဆရီနာက အခန်းထဲသို့ဦးတည်လာရင်း ဟန်နရီအားပြုံးရယ်ပြလာ၏။

" အခုချိန်ထိအလုပ်တွေလုပ်နေတာလား သား "

" မပြီးပြတ်သေးတဲ့ကိစ္စလေးတွေရှိလို့ပါမာမီ ခဏနေရင်ကျွန်တော်လည်းအိပ်တော့မှာပါ "

' သား ..မာမီ့ကိုချစ်လားဟင်'

' ဟောဗျာ...မာမီကတော့လုပ်ပြီ ရုတ်တရက်ကြီးဘာဖြစ်လာတာလဲ ကျွန်တော့်ကိုပြောပါအုံး'

' မာမီ့ ကျန်းမာရေးကတနေ့ရွှေတနေ့ငွေဆိုတာလဲ သားသိတယ်မှတ်လားဟင် "

စကားကိုအမျိုးမျိုးလှည့်ကာ မျက်နှာချိုသွေးနေမှန်းလည်းဟန်နရီကောင်းစွာသိသည်။ လူတစ်ယောက်ရဲ့စကားအသွားအလာနဲ့ မျက်နှာအမူအယာကိုကြည့်ပြီး ရှေ့ဆက်မယ့်ဆိုလိုရင်းကို သူကြိုတင်ခန့်မှန်းပြီးသားဖြစ်၏။

' သားမာမီ့ကိုချစ်ရင် ဟန်နီနဲ့စေ့စပ်မဲ့ကိစ္စကို အမြန်ဆုံးလက်ခံလိုက်ပါနော်'

ထင်သည့်အတိုင်း ထိုကိစ္စကိုဦးတည်ကာပြောလာခြင်းဖြစ်သည်။ တုန်ယင်နေသည့်လက်ဖ၀ါးတစ်စုံက သူ့ပါးပြင်ပေါ်ပွတ်သပ်လာတဲ့အခါ ငြင်းဆန်ဖို့အင်အားမရှိပေ။ တွေ၀ေနေတဲ့စိတ်နှစ်ခွကြား သူဆုံးဖြတ်ရခက်နေဆဲပင်။

' မာမီသားကို တစ်ခါမှမာမီ့အလိုကျ မတောင်းဆိုဖူးပါဘူး ဒီတခါတော့ မာမီ့ဆန္ဒကို လိုက်လျောပေးပါနော် သားရယ်'

တောင်းဆိုလာသော စကားသံအချို့ကြောင့် ဟန်နရီကအံကြိတ်ကာ မျက်နှာလွှဲလိုက်၏။လက်ရှိတွင် သူကဟီရိုနှင့်မည်သို့ဆက်နွယ်ကာ အလုပ်လုပ်နေသည်ကို မာမီမသိသေးသော်လည်း သူ့ဘ၀တစ်ခုလုံးခြေချုပ်မိသွားမည့်ဘ၀ကိုတော့လုံး၀အလိုမရှိပေ။အထူးသဖြင့် မချစ်မနှစ်သက်သော မိန်းကလေးတစ်ယောက်အား စိတ်ဒုက္ခပေးကာ သူ့ဘ၀ထဲမဆွဲသွင်းချင်။အချစ်မပါပဲရှေ့ဆက်ရမည့်အနာဂတ်က သူ့ကိုလည်းစိတ်ပင်ပန်းစေသလို ဟန်နီ့ကိုလည်းစိတ်ဆင်းရဲစေနိုင်တာဖြစ်သည်။နှစ်ဦးနှစ်ဖက်နာကျင်ရမည့် အနာဂတ်က မည်သူ့အတွက်မှအကျိုးမရှိတာကြောင့် ထိုလမ်းစဥ်အားအပင်ပန်းခံကာ မလျှောက်လှမ်းချင်ပေ။

HANARY(S1+S2) Where stories live. Discover now