Part 39* ( Final)

58.3K 3K 44
                                    

ထွဋ်ခေါင် စကားတွေပြောပြီးနောက် သီဟစောင့်နေမည်ဆိုသော နေရာသို့ပြန်လာတော့ မြင်လိုက်ရတဲ့မြင်ကွင်းကြောင့်အနည်းငယ်စိတ်တိုသွားသည်။ သီဟရဲ့ဘေးကကောင်မလေးတစ်ယောက်ရပ်နေပြီး ထိုကောင်မလေးကလည်းပြုံးကာစကားတွေဆိုနေသည်။

ထိုသို့တွဲမြင်လိုက်ရသည်က ဘာကြောင့်ရယ်မသိ ထွဋ်ခေါင်သဘောမကျလှပါ။ မောင့်ကိုသူတစ်ယောက်တည်းကသာထိမည်။ သူကသာအပြုံးတွေနဲ့စကားပြောမည်။

" Darling~ "

သီဟ အနားသို့ကောင်မလေးတစ်ယောက်ရောက်လာပြီး မိတ်ဆက်စကားဆိုနေသည်။ သို့သော် ချစ်ရသူကလွဲပြီးစကားပိုမပြောချင်သည့်သီဟကတော့နှုတ်ဆိတ်ကာနေမိ၏။ ထိုစဉ် ရင်းနှီးသောအသံတစ်ခုက မရင်းနှီးသောစကားလုံးတစ်ခုပြောလိုက်သည်ကြောင့် တောင့်တောင့်ကြီးရပ်နေမိသည်။

" Darling~ "

ဆိုတဲ့အသံနဲ့အတူ လက်ကိုချိတ်လာပါသောချစ်ရသူ။ ပျော်၍ပင်မရသေး။ ခေါ်လိုက်တဲ့အသံဟာ အနည်းငယ်ကြောက်ဖို့ကောင်းနေသည်။

" မောင့်အသိလား "

" Sorry နော် " ဆိုကာ ထိုကောင်မလေးက အနားကထွက်သွား၏။

" အချစ်က ကြာလိုက်တာကွာ "

ထိုကောင်မလေးထွက်သွားသည်နှင့် လက်ကိုဖြုတ်ချကာ မျက်စောင်းနဲ့ကြည့်လာ၏။

" အဲ့တာဘယ်သူလဲ၊ ဘယ်ကလဲ၊ ဘာလို့ပြုံးပြီးစကားတွေပြောနေတာလဲ! "

" မောင် ဘယ်သိမလဲအချစ်ရဲ့၊ သူ့ဘာသာသူစကားလာပြောတာလေ မောင်မှပြန်မပြောတာ "

" မောင်ပြန်မပြောရင် သူကပြုံးပြီးပြောနေစရာလား "

" မောင်က သူပြုံးလားမပြုံးလားတောင်မသိတာကို၊ အချစ်ကသိတယ်ဆိုတော့ အချစ်နဲ့သိတဲ့သူလား "

" သီဟမင်းထင်! "

" ဟုတ်တယ်လေ မောင်မှ မသိတာ"

" မင်း ကံကောင်းသွားတယ်မှတ်! "

" ဒါပေါ့ အချစ်ကိုပိုင်ထားတဲ့မောင်က သိပ်ကံကောင်းတာ "

" မင်း! "

" ဒေါသတွေမထွက်နဲ့ကွာ၊ အချစ်နဲ့မလိုက်ဘူး၊ အချစ်က အပြုံးလေးနဲ့ပဲလိုက်တာ"

မောင့်မူပိုင် (Completed) Where stories live. Discover now