6.1(U)(ပြင်းထန်တဲ့အဖျား)

2.6K 403 6
                                    


"ငါနှစ်ပေါင်းများစွာ အစ်ကိုကြီးတစ်ယောက် ​မဖြစ်ပေးနိုင်တော့ဘူး (6)"

အခန်းထဲက အမည်းရောင်ခန်းဆီးတွေက ချထားပြီး အလင်းရောင်မဝင်ခဲ့ပေ။နေ့အချိန်ဆိုတာ သိသာသော်လည်း အထဲမှာတော့ မှောင်ပိန်းနေလေသည်။

အချိန်အကြာကြီး တိတ်ဆိတ်နေခဲ့ပြီး ချန်လီကောက စကားစပြောလာသည်။

"ထုံအာ"

systemက တစ်ခွန်းမှ ပြန်မဖြေလာခဲ့.....

"မနေ့က ကိစ္စက မူမမှန်ဘူးလို့ ငါခံစားနေရတယ်"

systemက တိတ်ဆိတ်နေဆဲဖြစ်သည်။

"မင်းပဲ ပြောကြည့် ရီဟွိုင်ကဘာလို့တိုက်တိုက်ဆိုင်ဆိုင်ရောက်လာရတာလဲ???"

systemက ကြက်ပေါက်လေးလို ဆက်တိတ်ဆိတ်နေပြန်သည်။

ချန်လီကောက ခဏလောက်တွေးလိုက်ပြီး ပြောလာသည်။

"ထုံအာ ငါတို့ဆက်ဆံရေးက အရမ်းကောင်းတာကို မင်းကတော့ငါ့ကိုမလိမ်ဘူးမလား???"

system-ဘာကိုလိမ်ရမှာလဲ

ချန်လီကောက လေမှုတ်ထုတ်လိုက်ရင်း ပြောလာသည်။

"မှန်းကြည့်စမ်း"

systemက ဇာတ်ညွှန်းအသစ်ကို တိတ်ဆိတ်စွာ ဖတ်နေလိုက်ပြီး သူ့storageပြည့်နေတာတွေကို
ရှင်းထုတ်နေလိုက်သည်။

"အင်း...ငါခန့်မှန်းရသလောက်တော့...."

systemက ဖုံးကွယ်လို့မရလောက်တော့ဘူးလို့
ခံစားလာရသည်။ ချန်လီကော ဒီအရူးကောင်က
ဝက်တစ်ကောင်လို ထုံပေမဲ့ ဒီအပိုင်းမှာတော့
အနံ့ခံအာရုံက အလွန်စူးရှတယ်လေ။

"ငါရီဟွိုင်ရဲ့ လည်ပင်းအောက်မှာလည်း လက်သည်းနဲ့ကုတ်ခြစ်ရာတွေ တွေ့လိုက်တယ်"

systemက စတင်ပြီး တုန်လှုပ်လာခဲ့သည်။AIတစ်ခုအနေနဲ့ သူကြောက်တယ်လို့ ခံစားလာရတာ သူ့ရှေ့က အရူးကောင်ကျေးဇူးကြောင့်ဖြစ်သည်။

"ပြီးတော့ အရေးကြီးဆုံးက...ငါငါ့ကိုယ်ရံတော်တွေကိုမှာထားခဲ့တယ်..ငါနာရီဝက်နေလို့မှ ပြန်မထွက်လာခဲ့ရင်...အထဲဝင်လာပြီး..အန်းဂတ်စ်ကို သမဖို့"

Perfect Destiny Arc7 မြန်မာဘာသာပြန်Where stories live. Discover now