Zawgyi
အပိုင်း (၇၉၉) – ထောင်ချောက်
အားလုံးသည် သူမ ကြည့်သောဘက်သို့ ကြည့်လိုက်ကြသည်။ မကြာမီ တွင် လှုပ်ရှားမှုရှိလာသည်။
"ချီဝိဥာဉ်လာနေပြီ" ရှီမန်ဖန်သည် ပြောပြီးနောက် ကုန်ရှန်ယိ ဘေးတွင် &ပ်လိုက်သည်။
"ချီဝိဥာဉ်ကဘာလဲ" ကျင်းဟွမ် မေးလိုက်သည်။ သူတို့ဘာလို့ တစ်ခါမှ မကြားဘူးတာလဲ။
"ထူးခြားတဲ့သတ္တဝါ တစ်မျိုးပဲ၊ အခုမရှင်းပြနိုင်သေးဘူး" ရှီမန်ဖန် ပြန်ဖြေလိုက်သည် "ဒီလှုပ်ရှား မှုကိုနားထောင်ကြည့် ဒီတစ်ခါကို များတယ်၊ လျှပ်စီးအရည်အချင်းဝိဥာဉ်သခင်တွေလည်း လက်ပမ်းကျနေပြီ အခုထွက် သွားတာကောင်းမယ်"
"ဒါပေမဲ့ ငါတို့ထွက်လို့မရဘူး" ဝေကြီးပြောလိုက်သည်။
"ဆရာဝေကြီး ဘာပြောလိုက်တာလဲ"
"ငါတို့ဒီကိုဝင်လာတော့ တည်ဆောက်မှုထဲဝင်ပြီးသားဖြစ်နေပြီ" ဝေကြီး ပြောလိုက်သည် "ငါတို့ တည်ဆောက်မှုကို မဖျက်ပဲ ထွက်လို့မရဘူး"
"ဒါဆို ဘာလုပ်ကြမလဲ"
"ဘာလုပ်ရဦးမှာလဲ အရှေ့ကိုပဲဆက်သွားရမှာ" ဟန့်မြောင်ရွှမ် ပြန်ဖြေ လေသည်။
"ဒါပေမဲ့ ငါတို့ ဝိဥာဉ်စွမ်းအင် တိုက်ခိုက်မှုတွေက အသုံးမဝင်ဘူး သူတို့စုပ်ယူတာပဲရှိမယ်"
"အဲဒါတော့ မဖြစ်သေးဘူး" ဝေကြီးပြောလိုက်သည် "ခဏတော့ တောင့်ခံထားရမယ် ဒီတည်ဆောက်မှုကို ဖျက်ရမယ်"
"ကောင်းပြီ"
ရှီမာယူယူသည် လျှပ်စီးဝိဥာဉ်သခင်များကို လိုဏ်ခေါင်းအဝင်ပေါက်သို့ ဦးဆောင်သွားကာ လာနေကြသော ချီဝိဥာဉ်များကို တိုက်ခိုက်လေသည်။ ချီဝိဥာဉ်ပထမတစ်သတ်မှာ အဆုံးသတ်သွား လေသည်။ သို့သော် လျှပ်စီး ဝိဥာဉ်သခင်နှစ်ယောက်သည် ဝိဥာဉ်စွမ်းအင်များ ကုန်ခမ်းနေပြီ။
"သွားကူရအောင်"
ဝိဥာဉ်သခင်နှစ်ယောက် ပြန်ဆုတ်သွားသည်နှင့် နောက်ထပ်ဝိဥာဉ် သခင်နှစ်ယောက် ဝင်လာသည်။ သူတို့သည် ဝိဥာဉ်စွမ်းအင်များကို စုစည်း ကာ ချီဝိဥာဉ်များကို တိုက်ခိုက်လေသည်။
YOU ARE READING
အလိုလိုက်အကြိုက်ဆောင်ခြင်းခံရသော သမီးပျို (ရှီမာယူယူ) Book 5
AdventureBook-5 I just translate this story. I don't own this story. All credits go to the original writer and English translator team. Profile picture goes credit to the original owner. Title ကိုသိချင်ရင် cb မှာလာမေးလို့ရပါတယ်.. ;3 သူမသည် အမှိုက်ဟုကျော်ကြာ...