အပိုင်း (၈၀၂) - သူမ၏ အစီအစဉ်များ

1.8K 232 0
                                    

Zawgyi


"အဲဒီကို နီရဲပျားတွေပို့ထားတယ်မဟုတ်ဘား၊ သူတို့နောက်ခြေလှမ်းကို သတင်းမရဘူးလား"

"အဲတုန်းက နောက်တစ်နေရာကိုသွားမယ်ပဲပြောသွားတာ ဘယ်နေရာ လဲဆိုတာ ပြောမသွားဘူး" ရှီမာယူယူ ပြောလိုက်သည် "နီရဲပျားတွေကို လိုက်သွားလို့တော့ အမိန့်ပေးထားတယ်၊ ဒါပေမဲ့ သူတို့ အဆင့်တွေမြင့် ကြတော့ ပျားတွေကိုတွေ့သွားကြတယ်၊ အဲတုန်းကပဲ သူတို့ ပျားတွေ အကုန်လုံးကို သတ်လိုက်လို့ သတင်းပြတ်သွားတယ်"

"သူတို့က ငါတို့မသိအောင်လို့ နုံးထဲမှာပုန်းနေနိုင်တယ်၊ မင်းရဲ့နီရဲပျား တွေတွေ့တယ်ဆိုတာ မအံ့သြတော့ပါဘူး" ဖန်လိုင် ပြောလိုက်သည် "အဲလိုမျိုးသတင်းပြတ်သွားတာတော့ နှမြောစရာကောင်းတယ်"

"ငါတို့နောက်တစ်ဆင့်ကလည်း ခက်တော့မယ်" ဝေကြီးပြောလေသည် "ချီဝိဥာဉ်တွေက သင်္ချိုင်းက မထွက်နိုင်ပေမယ့် သူတို့မှာ အဲအစီအစဉ်ရှိ နေတယ်၊ အဲသတ္တဝါတွေကိုထုတ်ဖို့အတွက် နည်းလမ်းရှိမှာပဲ"

"အခုတော့ပြန်ပြီး အဲလူတွေလုပ်မယ့်ဟာကို ဂိုဏ်းကိုအသိပေးပြီး လှုပ်ရှားမှုရှိလားဆိုတာ ရှာရမယ် မဟုတ်ရင် ဒီလိုအဖြစ်ထပ်ဖြစ်လာမယ်" ဖန်လိုင်ပြောလိုက်သည်။

"သူတို့ဒီတစ်ခါကို ကျရှုံးသွားတဲ့အတွက် နောက်တစ်ခါကို မြန်မြန် လှုပ်ရှားလောက်တယ်" ဝေလေး ပြောလိုက်သည်။

"အချိန်ကအရေးကြီးတယ် ပြန်ရအောင်" ဖန်လိုင် ပြောလိုက်သည်။

"ဒုကျောင်းအုပ် ကျွန်တော်နောက်မှကိုယ့်ဘာသာကိုယ်ပြန်လာလို့ရ လား" ရှီမာယူယူ ပြောလိုက်သည် "ကျွန်တော် သူငယ်ချင်းတွေကို ပြောစရာ တွေရှိသေးတယ်"

ဖန်လိုင်သည် ကျန်းကျူကျိအားကြည့်ရာ သူမငြင်းသည်ကိုတွေ့ သည်နှင့် သဘောတူလိုက် သည် "မင်းနေချင်မှတော့သွားပါ၊ ဒါပေမဲ့ ပြိုင်ပွဲ၃ခု ညီလာခံကိုတော့ မလွဲစေနဲ့ မင်းမှာ တခြားရည်ရွယ်ချက်ရှိလို့ အဆင့် ပြိုင်ပွဲဝင်မယ်ဆိုတာ ငါသိတယ်"

အလိုလိုက်အကြိုက်ဆောင်ခြင်းခံရသော သမီးပျို (ရှီမာယူယူ) Book 5Where stories live. Discover now