အပိုင်း (၈၀၃) - သင်္ချိုင်းသို့ပြန်သွားခြင်း

1.7K 234 0
                                    

Zawgyi


"သူတို့စိုက်ထုတ်မှုတွေ အလကားဖြစ်မှာလား ဘာလို့လဲ" ကျင်းဟွမ် သည် နားမလည်စွာ မေးလိုက်သည်။

"အဲလူတွေက နေရာတစ်ခုဖန်တီးဖို့အတွက် အချိန်အကြာကြီးသုံးပြီး ချီဝိဥာဉ်တွေထုတ်ထားတာ အခုအဲနေရာပျက်ဆီးသွားပြီဆိုတော့ နောက်ဆို ရင် ပိုသတိထားကြတော့မှာပဲ"

"ဟုတ်တယ်" ကုန်ရှန်ယိ ပြောလေသည် "ဒါပေမဲ့ ကောင်းကင်ဂိုဏ်းရဲ့ အားကလည်း မသေးဘူးလေ"

"အင်း ဂိုဏ်းကကြည့်ပေးမယ်လို့တော့ ယုံတယ်၊ အဲလိုအရာတွေ ပေါ်လာရင် တိုင်းပြည်ကို သေချာပေါက် ထိခိုက်စေမှာပဲ၊ အဲလိုဆိုရင် ဂိုဏ်းက အရမ်းသပ်ရပ်တယ်၊ ဖြစ်လာသမျှကို ထိုင်ကြည့်နေ မှာတော့မဟုတ်ဘူး" ရှီမာယူယူ ပြောလိုက်သည်။

"ခုနက ငါ့ကိုလာရှာတယ်လို့ ပြောတယ်မလား ကိစ္စရှိလို့လား" ရှီမန်ဖန်သည် ရှီမာယူယူ ပြောပြီး သည်အထိ စောင့်ကာမေးလိုက်သည်။

ရှီမာယူယူသည် အားလုံးကိုကြည့်နေရာ ကုန်ရှန်ယိ ပြောလိုက်သည် "ဒီနေရာမှာ စကားပြောလို့ အဆင်မပြေရင် အိမ်ကိုပြန်ပြီးပြောကြမယ်လေ"

"ဘာမှမဟုတ်ပါဘူး" ရှီမာယူယူ ပြောလိုက်သည် "ငါသင်္ချိုင်းကိုပြန်သွား ဖို့ အစီအစဉ်ရှိတယ်လို့ ပြောမလို့"

"သင်္ချိုင်းကိုပြန်သွားချင်တယ်ဟုတ်လား အဲနေရာက အရမ်းအန္တရာယ် များတယ်" ရှီမန်ဖန်သည် စကားပြောမည်အလုပ်တွင် ကျင်းဟွမ်ဖြတ်ပြော လေသည်။

ကျင်းဝမ်သည် သူမအား သဘောမတူစွာကြည့်ကာ ပြောလေသည် "ငါတို့တောင် ထွက်လာရဖို့ ခက်နေတာ ဘာလို့ပြန်သွားမှာလဲ၊ အဲမှာအရမ်း အန္တရာယ်များတယ်၊ တည်ဆောက်မှုတွေကို မပြောနဲ့ဦး ဝိဥာဉ်ရောင်ဝါ တစ်ခုတည်းနဲ့တင် ရှင်းဖို့ခက်နေပြီ၊ မင်းက လျှပ်စီးအရည်အချင်းဆိုပေမယ့် မလောက် သေးဘူး"

"ဝိဥာဉ်ရောင်ဝါက ရှင်းပြီးပါပြီ" ရှီမာယူယူ ပြောလိုက်သည်။

"ရှင်းလိုက်ပြီဟုတ်လား ဘယ်လိုလဲ"

"ကျွန်တော့် စီနီယာတွေလုပ်လိုက်တာ" ရှီမာယူယူ ပြောလိုက်သည်။

အလိုလိုက်အကြိုက်ဆောင်ခြင်းခံရသော သမီးပျို (ရှီမာယူယူ) Book 5Where stories live. Discover now