အပိုင်း (၈၀၄) - လောင်ကျွမ်းခြင်း

1.7K 224 0
                                    

Zawgyi


တစ်ခဏမျှတိတ်ဆိတ်သွားသည်။ ရှီမာယူယူ မှတ်ဥာဏ်ဖတ်ပြီး နောက်တွင် သူမဆီ မုန်းတီး သောရောင်ဝါထွက်ပေါ်လာသည်။

"မင်းလိုကောင်က... သေသွားမှအေးမှာ" သူမသည် ထိုလူ၏ ရင်ဘတ်ကို တွန်းလိုက်ပြီး လက်တွင် မီးတောက်ဖန်တီးကာ မီးမြှိုက်လေ သည်။

သူမ တိုက်ခိုက်ပြီးသောအခါ ငှက်ပေါက်စသည် သူမလက်ထဲသို့ ပြန်ပျံ လာသည်။ သူမ မီးတောက်ကို သူတို့မြင်သောအခါ ကျန်းကျူကျိ၏ မျက်လုံး များကို ဆွဲဆောင်သွားစေသည်။

ဒီမီးတောက်...

"ဂျူနီယာမောင်လေး ဘာဖြစ်လို့လဲ" ဟန့်မြောင်ရွှမ်သည် ရှီမာယူယူ၏ အခုလိုပုံစံကို ပထမဆုံး မြင်ဖူးသည်ဖြစ်၍ အနည်းငယ်ကြောက်မိသည်။

"သူ့မှတ်ဥာဏ်ထဲမှာက နာမည်မသိတဲ့နေရာတချို့မှာ ရက်စက်တဲ့ လေ့ကျင့်မှုတွေလုပ်တဲ့ဟာအပြင် သူလုပ်သမျှက သတ်ပြီးရင်းသတ်ပဲ၊ သူ တောင် မသိတဲ့အကြောင်းပြချက်တွေအတွက် တစ်မြို့လုံးကို သတ်တယ်၊ တစ်ခါလည်းမဟုတ် နှစ်ခါလည်းမဟုတ်" ရှီမာယူယူ ပြောလေသည်။

"ယုတ်မာလိုက်တာ" ဟန့်မြောင်ရွှမ်သည် ထိုစကားကြားသောအခါ ဒေါသထွက်လေသည်။

ဝိဥာဉ်သခင်များအနေနှင့် သာမာန်လူတစ်ယောက်ကို အလွယ်တကူ သတ်မရပေ။ ထိုလူများသည် သာမာန်လူများကို အကြောင်းအရင်းမရှိ သတ်ခဲ့ရာ စက်ဆုပ်ဖွယ်ကောင်းသော လူများဖြစ်ကြသည်။

"အခုအဖြစ်အပျက်အကြောင်းရော ဘာရလဲ" ရှီမန်ဖန် မေးလေသည်။

ရှီမာယူယူ ခေါင်းရမ်းကာ "သူတို့အဖွဲ့ခေါင်းဆောင်က သတင်းရဖို့ ခက်တယ်၊ ဒီလူက အဆင့်နိမ့်ဆုံး လူသတ်သမားပဲ၊ အမိန့်အရပဲလုပ်ရတာ၊ သူဘာမှမသိဘူး တခြားသတင်းမရှိဘူး၊ သူတို့က အမြဲ အတူရှိနေပေမယ့် တစ်ယောက်နဲ့တစ်ယောက် မူလပုံစံကိုမမြင်ဖူးကြဘူး၊ အသုံးဝင်မယ့် သတင်း တစ်ခုကတော့ သူတို့ခေါင်းဆောင်ရဲ့ မျက်လုံးထောင့်မှာ အနာရွတ်ရှိတယ်"

"အဲတော့ နောက်အစီအစဉ်ကိုငါတို့မသိရဘူးပေါ့" စူးရှောင်ရှောင်မေး လေသည်။

အလိုလိုက်အကြိုက်ဆောင်ခြင်းခံရသော သမီးပျို (ရှီမာယူယူ) Book 5Where stories live. Discover now