အခန်း ၁၁၂ (ထွက်ခွာခြင်း)

3.3K 401 1
                                    

[Zawgyi]

အမျိုးသမီးလျိုက သူတို့နှစ်ယောက် တောင်ရဲ့ တောင်ဘက်ခြမ်းကိုသွားမယ်ဆိုတဲ့ စကားလည်း ကြားရော စိတ်ပူစွာနဲ့ ချက်ချင်းတားလိုက်တယ်။

အဲ့ဒီမှာရပ်လိုက်! ခုကစပြီး ဘယ်သူမှ တောင်ပေါ်ကို မသွားရဘူး!

ယွီဟိုင်ရဲ့မတော်တဆမှု ပြီးကတည်းက အမျိုးသမီးလျိုက တောင်ဟာ လူတွေသွားသင့်တဲ့နေရာလို့ မသတ်မှတ်တော့ပေ! သူမငယ်စဉ်ကတည်းက တောင်တွေရဲ့ တောကြီးမျက်မည်းထဲမှာနေတဲ့ ရက်စက်ကြမ်းကြုတ်တဲ့ တောရိုင်းသတ္တဝါတွေအကြောင်းကို ကြားဖူးခဲ့တယ်။ ဒါပေမယ့် ဆယ်နှစ်ကျော်ကာလလုံး ယွီမိသားစုနဲ့ နေလာပြီးနောက် ယွီဟိုင်တောင်ပေါ်သွားတိုင်း တစ်ခါမှ ဒီလိုတောရိုင်းသတ္တဝါကြီးတွေနဲ့ မကြုံတွေ့ခဲ့ဘူး။ အမှန်ပြောရရင် ကျားတွေ ဝံပုလွေတွေနဲ့ တခြားအန္တရာယ်ရှိတဲ့ အကောင်တွေထားအုံး တောဝက်ကိုတောင် သူမြင်ဖူးတာရှားတယ်။

ဒါပေမယ့် ယွီဟိုင် ဝက်ဝံအကိုက်ခံရပြီးတဲ့နောက် တောင်တွေနဲ့ ချုံနွယ်ပိတ်ပေါင်းတွေက တကယ်ကို အန္တရာယ်ရှိတဲ့နေရာတွေလို့ အမျိုးသမီးလျိုက မှတ်ယူလိုက်တော့တယ်။ သူမက သူမယောက်ျားကို တစ်ခါဆုံးရှုံးရမလို ဖြစ်ထားတာဆိုတော့ ကြောက်စိတ်တွေ မပြယ်သေးတာ သဘာဝကျတယ်မလား။ ဒါကြောင့် တစ်ယောက်ယောက်က တောင်ပေါ်သွားချင်တယ်ပြောလာရင် သူမရဲ့စိုးရိမ်မှုနဲ့ သဘောမတူမှုကို ပြောကိုပြောရမယ်!

ရှောင်ချောင်းက သူ့အမေရဲ့အမူအရာ သိသိသာသာ ပြောင်းလဲသွားတာကို မြင်တဲ့အခါ အလျင်အမြန် ဖျောင်းဖျလိုက်တယ်။

အမေ! သမီးက တောင်ပေါ်ကို သွားမှာမဟုတ်ပါဘူး! တောင်ခြေပတ်လမ်းကနေပဲ တောင်ဘက်ခြမ်းကိုသွားမှာ ပိုဝေးတဲ့ လမ်းလွှဲ ဖြစ်ပေမယ့် အန္တရာယ်ရှိမှာမဟုတ်ပါဘူး!

တကယ်တောင်ပေါ်ကိုမသွားမှာ သေချာတယ်နော်...

ရှောင်ချောင်းက ခေါင်းကို အဆက်မပြတ်ညိတ်ပြတဲ့အခါ အမျိုးသမီးလျိုက သက်ပြင်းချလိုက်ပြီး

တောင်ပေါ်ကိုမသွားသရွေ့ ပြီးတာပါပဲ၊ မနေ့က ပိုက်ထဲမှာ ငါးတွေအများကြီးမိတာမို့ ဒီနေ့လည် ငါးချဉ်သိပ်ပြီးရင်တောင် ပိုနေအုံးမှာ၊ မင်းအဖေကို လိုက်ပို့ခိုင်းလိုက် ရိက္ခာခြောက်များများယူသွား၊ တောင်ခြေကိုပတ်ပြီး သွားရမှာဆိုတော့ မိုးမချုပ်ခင် ပြန်မရောက်နိုင်မှာ စိုးတာ!

သက်တန့်ရောင် မိန်းမပျို Book 1 (MMTranslation) Where stories live. Discover now