part 10

17.3K 1.1K 28
                                    

အချစ်နောက်ကို ပြေးလိုက်ရင်း ချော်လဲသွားတဲ့အခါ ထူမပေးသူရယ်လို့ မရှိခဲ့ဘူး ။ ချော်လဲလို့ နောက်ကျကျန်ခဲ့တဲ့အခါလည်း အချစ်ဟာ ကိုယ့်ကိုစောင့်မနေခဲ့ဘူး ။ ကိုယ်သေချာကြည့်မှ ကိုယ့်အချစ်ဟာလည်း သူ့အချစ်နောက်ကို လိုက်နေခဲ့တာပဲ...... ။

ငါက မင်းနောက် လိုက်နေတဲ့အချိန်မှာ မင်းကလည်း ခက်ထန် နောက်ကို နာကျင်မှုတပွေ့တပိုက်နဲ့ လိုက်နေခဲ့သလိုမျိုးပါပဲ ထည်ဝါလင်းရှိန်!  ... ။ မင်းကတောင် ငါ့ထက် ပိုပြီး ပင်ပန်းနေခဲ့မှာပဲ ။

" အတွေးလွန်နေတာ လျှော့သင့်ပြီ ရိုင်နာ!  ... ငါ့စကားလည်း အဖက်လုပ်ဦး! "

ပုံရေး ခြေထောက်ဖြင့် စောင့်ကန်လိုက်ခါမှ အသိစိတ်ပြန်ကပ်လာသော ရိုင်နာသည် သူ့နဂိုဟန်အတိုင်း မှုန်ကုပ်ကုပ်ဖြင့်သာ ပုံရေးအား စိုက်ကြည့်လာခဲ့သည် ။ အဖီးလ်ကောင်းနေချိန်ဆို နှောက်ယှက်တတ်လွန်းသော ပုံရေးသည် ငယ်သူငယ်ချင်း သေဖော်သေဖက် သာ မဟုတ်ပါက သူ တစ်ခုခု လုပ်ပြီးနေလောက်ပြီ ။

သူ့အကြည့်ကြောင့် ဇတ်ကလေး ပုဝင်သွားသော ပုံရေးကို ကြည့်ရင်း အတွေးတို့က အတိတ်ကို အမှတ်ရစေသည် ။

ပုံရေးနှင့် သူ ၏ လမ်းဘေး၌ ခိုးဝှက်စားသောက် အိပ်စက်ခဲ့ရသော ညပေါင်းများစွာက သူ့အတိတ်အတွက် မေ့ဖျောက်ချင်စရာကောင်းလွန်းသော်လည်း ဒုက္ခရောက်နေချိန် ၊ လမ်းတွင်တွေ့သော သူ့လို ကလေးတစ်ယောက်ဖြစ်တဲ့ ပုံရေး ၊ သူနဲ့ ရွယ်တူလောက်သာ ရှိသော ပုံရေးသည် မကောင်းလှသည့် သူ့အတိတ်အတွက် အကောင်းဆုံးအဖော်မွန်တစ်ဦး ဖြစ်ခဲ့ဖူးသည် ။

" ငါတို့ ငယ်ငယ်က မင်း မှတ်မိလား ။ ငါ သူများဆိုင်က လိမ္မော်သီးတွေ သွားခိုးလို့ ရဲစခန်းရောက်သွားတုန်းကလေ... မင်းလည်း ရဲစခန်းရှေ့မှာ အိပ်ခဲ့တာ ၊ ခိုးမှုနဲ့ အချုပ်ထဲရောက်နေတဲ့ ငါ့အတွက် မင်းက ရဲစခန်းထဲကို ခိုးလာတဲ့ မုန့်တွေ ယူလာတာလေ... ဟား.... "

သူ ရယ်နေသော်လည်း မျက်ရည်က ၀ဲမိသည် ။
သူ့ နှုတ်ခမ်းမွှေးတစနှစ်စကို သပ်ရင်း မျက်တောင်ကို ပုတ်ခတ်ကာဖြင့် ခံစားချက်ကို ထိန်းချုပ်သည် ။

You are my husband (Season 1)Completed  Where stories live. Discover now