Part(6)

4.3K 136 2
                                    

        အပိုင်း(၆)

"ဘယ်လိုလဲ ရေကူးသင်တာ အဆင်ပြေပြီလား..."

ညနေထမင်းဝိုင်းမှာ လှောင်သလိုမေးလာတဲ့ ဦးကို သသပြုံးကြည့်လိုက်ရင်း...

"ရေနစ်မှာမကြောက်တော့ဘူး...အရင်ကထက် တော်တော်လေး တိုးတက်လာတယ် ဦးရဲ့...အဟင်း"

"ဘယ်ကောင်က ခွန်အားတွေပေးလိုက်တာလဲ..."

စည်းရဲ့အဖြေကို သသက မဖြေသေးဘဲ ပါးစပ်ထဲကို ထမင်းအများကြီးထည့်ကာ ဟင်းရည်ကိုပင်သောက်လိုက်သေးသည်။

"ဦးကြောင့်...ဒါပေမဲ့ခွန်အားတော့မဟုတ်ဘူး မခံချင်စိတ်..."

‌တစ်ခါမှ မပြောဖူးတဲ့ သူ့ကြောင့်ဆိုတဲ့ သသရဲ့ဆင်ခြေကြောင့် စည်း မယုံသလို ခပ်ဟဟရယ်သည်။

"ဦးရှေ့မှာ သမီးအားနည်းချက်မရှိစေရဘူး..."

"ဘယ်လို..."

ဒါဆို သူမလေးက သူ သူမ‌ရဲ့အားနည်းချက်ကိုသိသွားလို့ ဖျောက်ပစ်‌နေတာပေါ့...အတွေးက လူကြီးမဆန်လိုက်တာ...သသရာ!

"ဒါဆို မင်းအားနည်းချက်ကို အစကနေမြေလှန်ရှာမှဖြစ်တော့မယ်ထင်တယ် အဟွန်း...တစ်ခုတော့ရှိမှာပါ..."

"ဦးမတွေ့စေရဘူး ဘာလို့ဆို သမီးမှာ နောက်ထပ်အားနည်းချက်မရှိဘူး..."

ကိုယ့်ကိုကိုယ် ဂုဏ်ယူဝင့်ကြွားစွာနဲ့ လက်မထောင်ပြီးပြောလာတဲ့ သသကိုကြည့်ပြီး စည်း ထမင်းစားတာကို ရပ်လိုက်သည်။

"နောင်တစ်ချိန်မှာ ရှိလာရင်‌ရော"

"သမီးအားနည်းချက်ကို ဦးအနိုင်ယူရင် ဦးရဲ့အားနည်းချက်ကိုလည်း သမီးပြန်အနိုင်ယူပြမယ်..."

"ဘယ်လိုမျိုးလဲ..."

"လျှို့ဝှက်ချက်..."

"ဒါပေမဲ့ ဘယ်လိုလုပ်မလဲ ဒီရက်ပိုင်းအတွင်းမှ ကိုယ့်အားနည်းချက်ပြောင်းသွားတာ..."

"သမီးရအောင်ရှာပြမယ်..."

"ရှာစရာမလိုပါဘူး ကိုယ့်အားနည်းချက်ကမင်းလေ"

"ဒါဆို သမီးနိုင်သွားပြီ သမီးရဲ့အားနည်းချက်က ဦးမဟုတ်ဘူး...သမီးဝပြီ အပေါ်တက်တော့မယ်..."

ဦးကို မုန်းခွင့်ရချင်တယ်.../ဦးကို မုန်းခွင့်ရချင်တယ်...[Completed]Where stories live. Discover now