Chapter - 6 (Part 2)

996 171 4
                                    

Unicode

ငါ အပြင်ထွက်ပြီး‌‌‌ အဲ့လေကာအင်္ကျီကို ပြန်ယူနိူင်ဖို့အတွက် ကျောင်းကုန်းဇီကို နေ့လည်ခင်းတစ်ရေးအိပ်ဖို့ အကြံပြုလိုက်တယ်။

ကျောင်းကုန်းဇီက ဆန္ဒမရှိဘူး, “မအိပ်တော့ဘူး, ငါ့မှာ စီစဥ်ထားပြီးသားကိစ္စတွေရှိတယ်”

ငါက အကူအညီဖြစ်စွာ ပြောလိုက်တယ်, “ကျင်းရှန့်နဲ့ဈေးဝယ်ထွက်ဖို့က မနက်ဖြန်ညကို ရွှေ့လို့ရတယ်လေ, ပြီးတော့ အဲ့ညမှာပဲ ကုန်တိုက်နဲ့မျက်နှာချင်းဆိုင်ဘက်မှာ ရုပ်ရှင်အသစ်ပြမှာ, မင်းမှာ အခြားစီစဥ်ထားတာ မရှိပါဘူး”

ကျောင်းကုန်းဇီက သူ့ရဲ့လက်ထောက်ကို ဖုန်းဆက်ပြီး လှမ်းအော်လိုက်တယ်, “သေစမ်း, မင်း ကျူးရိရှင်ကို လောင်ဇီရဲ့အချိန်ဇယားတွေပြောပြလိုက်ပြန်ပြီ! လောင်ဇီက မင်းကို လစာပေးနေတဲ့လူနော်!”

မင်း လူတစ်ယောက်ကို ပိုက်ဆံပေးလိုက်ရင် သူတို့ကို မင်းအတွက် အလုပ်လုပ်အောင်ပဲ လုပ်လို့ရမယ်။ မင်း လူတစ်ယောက်ကို သူတို့လိုချင်တာပေးလိုက်ရင်တော့ သူတို့ရဲ့သစ္စာရှိမှုကို မင်း ရလိမ့်မယ်။

ဒီအမှန်တရားကို သခင်ကြီး‌ကျောင်းစီက ငါ့ကို ပြောပြတာ။ ပြီးတော့ အဲ့တာကြောင့်ပဲ ငါတို့ငယ်ငယ်တုန်းက ပျမ်းမျှ ၂၅ မှတ်ရတဲ့ ကျောင်းကုန်းဇီရဲ့ရီပို့ကတ်ကို စန္ဒယားတီးသင်တန်းအပ်ခွင့်အလဲအလှယ်အနေနဲ့ သခင်ကြီးဆီ လွှဲအပ်ပေးလိုက်တယ်။

ကျောင်းကုန်းဇီက ငါ့ကို ထင်တာမမှားဘူး။ ငါ့ရည်ရွယ်ချက်ပြည့်မြောက်ဖို့အတွက် ဘာမဆို ငါ လုပ်နိူင်တယ်လေ။

ကျောင်းကုန်းဇီက သူ့ရဲ့လက်ထောက်ကို အော်ဟစ်ပြီးတဲ့နောက် ဖုန်းချလိုက်ပြီး ငါ့ကို စတင်ကျိန်ဆဲတယ်, “လောင်ဇီက ... သေလိုက်ပါတော့! မင်း! လိုက်ကာတွေကို ဆွဲကြည့်လိုက်! နေ့လည်ရောက်နေပြီ!

ဒါပေါ့, နေ့လည်ခင်းတစ်ရေးတမောအိပ်တာက နေ့လည်မှာပဲလုပ်ကြတာလေ။

ကျောင်းကုန်းဇီက နာခံစွာနဲ့ပဲ နေ့လည်ခင်း တစ်ရေးအိပ်သွားတယ်။ ငါက ဟမ်းကို သူနဲ့အိပ်ဖို့အတွက် သူ့လက်မောင်းကြားထဲ ထည့်ပေးလိုက်ပြီးနောက် ဂရုတစိုက်နဲ့ အပြင်ထွက်သွားလိုက်တယ်။ ငါ ကုန်တိုက်ဆီ တန်းတန်းသွားလိုက်တယ်။ ကျောင်းသားတွေက သူတို့ ဒီနေ့ ကုန်တိုက်မှာ အခြေချမယ်လို့ပြောထားတယ်။ ဒါကြောင့် ငါ အဲ့မှာရှိတယ်ဆိုတာကိုလည်း ကျောင်းကုန်းဇီကို သိခွင့်မပေးနိူင်ဘူး။

Annoying Zhao Gongzi (Myanmar Translation) CompletedWhere stories live. Discover now