Part 6 ( 2.6 )

3.6K 434 14
                                    


နွေရာသီမနက်ခင်းမှာ နေမင်းက တောက်ပစွာ ထွက်ပေါ်လာသည်။ ကျူးယွင်ရှန့်သည် ပြတင်းပေါက်ရှေ့ရပ်ကာ အကြောဆန့်လိုက်သည်။ ပြီး သွားတိုက်မျက်နှာသစ်ကာ ပေါ့ပေါ့ပါးပါးဝတ်စုံကို ဝတ်ဆင်ပြီး အောက်ထပ်သို့ ဆင်းလာခဲ့သည်။

" Good morning, ညက ကောင်းကောင်းအိပ်ပျော်ရဲ့လား " နဉ်စစ်နျန် မမျှော်လင့်ဘဲ ပထမဆုံးအကြိမ် သူ့ကို နှုတ်ဆက်စကားပြောလိုက်သည်။ နဉ်စစ်ဘေးမှာထိုင်နေတဲ့ နဉ်ဝမ်ရှုကတော့ တောက်ပတဲ့မျက်လုံးတွေနဲ့ ကြည့်နေခဲ့သည်။

" Good morning, မနေ့ညက ခင်ဗျားရဲ့ရှာဖွေတွေ့ရှိချက်တွေကို နှစ်သက်ရဲ့လား " ကျူးယွင်ရှန့် စိတ်ထဲကနေ ရေရွတ်လိုက်ပေမယ့် အပြင်မှာတော့ သူ့ကို နှုတ်ဆက်လို့ ဝမ်းသာတဲ့ပုံပေါ်နေသည်။ နီရဲနေတဲ့သူ့မျက်နှာကို ငုံ့ထားလိုက်ပြီး သူ ထိုင်နေကျထောင့်မှာ ဝင်ထိုင်လိုက်သည်။

နဉ်စစ်နျန်သည် ဒီနေ့ အလုပ်သို့ အပြေးအလွှားမသွားဘဲ သူ့သားကို စိတ်ရှည်လက်ရှည်နဲ့ ဆန်ပြုတ်ကျွေးနေခဲ့သည်။ သူ့သားကို အစာကျွေးရင်း သူ့မျက်လုံးတွေက ခေါင်းငုံ့နေတဲ့ ကောင်လေးကို ခဏခဏ လှမ်းကြည့်နေခဲ့သည်။ အပြစ်ရှိလို့ စိတ်မသိုးမသန့်ဖြစ်တာ မဟုတ်ဘူး ရှက်ရွံ့နေတာ။ စိတ်ဓာတ်မကောင်းတာမဟုတ်ဘူး ထိခိုက်လွယ်တာ။ အရင်က ခါးသီးတဲ့ခံစားချက်ကို ဖြစ်ပေါ်စေတဲ့ မိန်းကလေးဆန်တဲ့ပုံစံတွေက အခုတော့ သိမ်မွေ့ထက်မြက်ပြီး ပျော့ပျောင်း ယဉ်ကျေးတဲ့သူအဖြစ် ဝေ့ရှီရန်ကို နဉ်စစ်နျန် မြင်လာပြီး ဘယ်လောက်တောင် ချစ်စရာကောင်းလိုက်လဲ လို့ တွေးမိလိုက်သည်။

အဲဒါက ပြစ်မှုတစ်ခုအတွက် တစ်ယောက်ယောက်ကို မတရားသဖြင့် သင်္ကာမကင်းဖြစ်တာကြောင့် ဖြစ်ကောင်းဖြစ်နိုင်တယ်။

အဲလိုတွေးမိတာနဲ့ နဉ်စစ်နျန် ရှက်သွားပြီး သူ့နားရွက်တွေက အနည်းငယ်နီရဲလာခဲ့သည်။ အဲအချိန်မှာပဲ ခရမ်းပြာနုရောင်ဝတ်စုံကို ဝတ်ဆင်ထားတဲ့ ကျောက်ရှင်းဖန် အောက်ထပ်သို့ ဆင်းလာခဲ့သည်။ မိတ်ကပ်ပါးပါးလေးပဲ လိမ်းထားလို့ သူမရဲ့မျက်နှာက ကြင်နာနူးညံ့ပြီး အပြစ်ကင်းစင်ပုံပေါ်နေသည်။

ဗီလိန္မာယာ / ဗီလိန်မာယာ ( Arc 2 )Where stories live. Discover now