Chapter 17

30.4K 3.9K 30
                                    

Unicode

ဝေ့လန်

ဒါကပထမဆုံးအကြိမ် ယန်းအိမ်သို့ ချီချီကိုခေါ်သွားခြင်းဖြစ်တာကြောင့် သူတို့ကားပေါ်ရှိနေစဥ် ယန်းအိမ်ကလူများနှင့် မစိမ်းသက်အောင် သူ့ဖုန်းထဲကဓာတ်ပုံများအား ချီချီ့ကိုထုတ်ပြလေသည်။ ကျန်းမော့ချန်တစ်ယောက် ချီချီ အနေရခက်ကာ အဆင်မပြေမှာစိုးရိမ်တာကြောင့် နှစ်ဖက်မိဘတွေ့ဆုံစဥ်က မခေါ်လာခဲ့ပေ။ ထို့ကြောင့် အခုမှ ချီချီကယန်းမိဘနှင့် သူ့ညီမအား မြင်ဖူးတာဖြစ်သည်။

ချီချီကလည်း နာနာခံခံလေးနှင့် သူမိတ်ဆက်ပေးသမျှလူနှင့်နာမည်ကိုလိုက်တွဲကာ မှတ်လေသည်။ သူတို့ကားပေါ်ကဆင်းတော့ ယန်းမိဘများကထွက်ကြိုကြသည်။ ချီချီက အရမ်းကိုပျော့ပျောင်းပြီး ရှက်ဝဲဝဲအသံလေးဖြင့်ခေါ်လိုက်သည်။

'' ဖိုးဖိုး ဖွားဖွား ''

ယန်းချင်းရှီကလည်း သူ့အသံလေးကိုကြားတော့ အနားတိုးလာပြီး
''မမကရော ''

''တီတီ '' ချီချီက တိုးတိုးလေးပြန်ဖြေလာသည်။

ချီချီက သေးသေးလေးနှင့် နုနုနယ်နယ်​လေးမို့ ဆန်စေးကိတ်လေးနှင့်ပင်တူကာ ဆွဲညှစ်ပစ်ချင်စိတ်များကို သူမ မထိန်းထားနိုင်ခဲ့ပေ။ သူမလက်က ပါးလေးအား လှမ်းဆွဲဖို့ပြင်ပြီးကာမှ သူမအကို သူမအား ကြိုသတိပေးထားသည်ကိုမှတ်မိသွားလေသည်။ သူမအကိုက သိပ်မကြာသေးခင်ကမှ မိသားစု Wechat group ထဲသို့ ကလေးက သူစိမ်းတွေဆိုကြောက်ကြောင်း ပို့ထားလေသည်။ ဒါကြောင့် သူမလက်ပုံစံအနေအထားအား လက်မထောင်တဲ့ poseအဖြစ် ချက်ချင်းပြောင်းလိုက်ကာ

''အရမ်းတော်တယ် ''

ယန်းချင်းချီကတော့သူမ၏ သဘာဝမကျသည့် တောင့်တင်းတင်းအနေအထားကိုသတိထားမိသော်လည်း ကံကောင်းစွာဖြင့် ချီချီကတော့သတိမထားမိပဲ ရှက်ပြုံးလေးသာပြုံးနေခဲ့သည်။

သူတို့နှစ်ယောက်က ညစာစားပြီးမှလာခြင်း ဖြစ်တာကြောင့် ယန်းမိဘတို့က မုန့်အချို့နှင့် အသီးများသာပြင်ဆင်ထားသည်။ ယန်းအမေက ချီချီ့ကိုပွေ့ပိုက်ထားကာ သူတို့နှစ်ယောက်၏နေ့စဥ်ဘဝများကို မေးမြန်းလေသည်။

ရုပ်ရှင်ဧကရာဇ်၏ သေလမ်းရှာ စေ့စပ်ထားသူလေး [ ဘာသာပြန် ] || Completed ||Where stories live. Discover now