အပိုင်း (၁)

9.8K 753 100
                                    

"ကောင်းကင်ချစ်ကြိုး"

ကောင်းကင်ဘုံရှိ အင်အားကြီး ထိပ်သီးမျိုးနွယ်တို့တွင် ဓားနတ်မျိုးနွယ်စု ၊ နှင်းမျိုးနွယ်စု ၊ မီးမျိုးနွယ်စုနှင့် တိမ်တမံမျိုးနွယ်စုတို့ ပါဝင်ကြသည်။ ၎င်းတို့သည် အင်းအားချင်း မတိမ်းမယိမ်းရှိကြကာ အချင်းချင်းကြား ပြိုင်ဆိုင်မှု အများအပြားရှိသည်။ ထိုပြိုင်ဆိုင်မှုတို့သည် နှစ်ကြာရှည်လာသောအခါ ပဋိပက္ခများအသွင် ဆောင်လာကြသည်။ ရန်မီးတို့သည် ငြှိမ်း၍ပင် မရအောင် တောက်လောင်မည့်ဟန် ရှိလာရာ အဆုံးသတ်၌ အကြီးအကဲတို့သည် ၎င်းတို့၏ ယှဉ်ပြိုင်မှုများကို တရားဝင်ပြိုင်ပွဲအသွင်သို့ ပြောင်းလဲလိုက်သည်။ ချစ်ကြည်ရေးနှင့် ညီညွတ်ရေးကို ရည်ရွယ်သည်ဟူသော အကြောင်းပြချက်ဖြင့် "ကောင်းကင် အလိုတော်စစ်သူကြီး" ရာထူးအတွက် ယှဉ်ပြိုင်ရန် ပြိုင်ပွဲတစ်ခုကို ကျင်းပကြသည်။ ထိုပြိုင်ပွဲတွင် ဝင်ရောက် ယှဉ်ပြိုင်ရန်အတွက် ပထမဦးစွာ ကောင်းကင်ဘုံ မျိုးနွယ်စုများ လေ့ကျင့်ရေးကျောင်း၌ လေ့ကျင့်သင်ကြားရမည် ဖြစ်သည်။

ထိုပြိုင်ပွဲတွင် ပြိုင်ပွဲဝင်သူတို့သည် အလွန်တရာ ခက်ခဲသော စမ်းသက်ချက်များကို ကျော်ဖြတ်ရသည်။ စမ်းသက်ချက်များကို အောင်မြင်သူမှသာ "ကောင်းကင်အလိုတော်စစ်သူကြီး" ဘွဲ့ထူးကို ရရှိမည် ဖြစ်သည်။ ထိုယှဉ်ပြိုင်ပွဲတွင် အနိုင်ရပြီး ကောင်းကင်အလိုတော်စစ်သူကြီးအဖြစ် သတ်မှတ်ခံရခြင်းသည် ကြီးမားသော ဂုဏ်အသေရေ ဖြစ်သည့် အားလျော်စွာ မျိုးနွယ်စုတို့သည် လက်ရွေးစင်များကိုသာ ရွေးချယ်စေလွှတ်ကာ သင်တန်းကျောင်း၌ တက်ရောက်စေသည်။

ကောင်းကင်ဘုံ လေ့ကျင့်ရေးကျောင်းကို ဦးစီးသည့်မျိုးနွယ်မှာ တိမ်တမံမျိုးနွယ်စု ဖြစ်သည်။ ၎င်းတိမ်တမံ မျိုးနွယ်စုကို ကျောင်းအုပ်ကြီးဖန်က ဦးစီးအုပ်ချုပ်သည်။ ကျောင်းအုပ်ဆရာကြီးဖန်သည် စည်းကမ်းတင်းကျပ်လွန်းသူ အဖြစ် ထင်ရှားသည်။ မခွဲခြားသော တန်းတူမျှတသည့် စိတ်ဓာတ်ကြောင့်လည်း ကျောင်းအုပ်ဖန်ကို မျိုးနွယ်စုများက အထူးလေးစားကြသည်။

ကောင်းကင်ချစ်ကြိုးWhere stories live. Discover now