Chapter 18

30.6K 3.9K 286
                                    

Unicode

ကျွန်တော်ကောင်းကောင်းသိပါတယ်
__________________________________

မူလပိုင်ရှင်နှင့်ဝေ့လန်၏ အတိတ်ဆိုးများကိုပြန်ပြောရမည်ဆိုလျှင် အတော်လေးကိုရိုးရှင်းသည့်အကြောင်းအရာသာဖြစ်သည်။ ကိုယ့်ဘာသာအနိုင်ကျင့်ခံရဖို့ လည်စင်းပေးထားသလိုပဲ ပြဿနာက မူလပိုင်ရှင်၏ မနာလိုမှုကြောင့် ဖြစ်လာခဲ့သည်။ သူတို့နှစ်ယောက် variety showတစ်ခုတွင်တွေ့ခဲ့ကြသည်။ အောင်မြင်နေတဲ့လူဆို ကိုးကွယ်ပြီး နာမည်မရှိသူဆို ချနင်းနေကြသည့် အနုပညာလောကထဲ ၁၈အဆင့်လောက်ပဲရှိသေးတဲ့ မူလပိုင်ရှင်လို အသစ်လေးနှင့် နာမည်ကြီးကျော်ကြားနေတဲ့ ဝေ့လန်လို idolတစ်ယောက် နှိုင်းယှဥ်ကြည့်လိုက်မယ်ဆိုရင် ရိုက်ကွင်းနောက်က အစီအစဥ်တင်ဆက်သူတွေ ဝန်ထမ်းတွေ အားလုံးက ကျိန်းသေပေါက်ကို ဝေ့လန်ပဲဦးစားပေးမည်ဖြစ်သည်။

ပြဿနာကတော့ ဝေ့လန်ကို မိတ်ကပ်ပြင်ဆရာက နာရီဝက်လောက်ကြာအောင် ပြင်ပေးပြီး မူလပိုင်ရှင်ကျ တစ်ချက်နှစ်ချက်လောက်ပဲဆွဲလိုက်ကာ ပြီးပြီဟုပြောလိုက်သည်ကစသည်ပင်။ထိုကိစ္စက အကြီးကြီးမဟုတ်သော်ငြား မူလပိုင်ရှင်မှာ မတရားဖူးဟုထင်ကာ မခံမရပ်နိုင်တွေဖြစ်လာသည်။ သူ့အခြေအနေဖြင့် နောက်ခံတောင့်တင်းသော ဝေ့လန်အား ဗြောင်ပြောလို့မရဘူးဆိုတာသိတာကြောင့်  ဝေ့လန်နောက်ကွယ်မှာ မန်နေဂျာနှင့် မကောင်းကြောင်းများပြောလေတော့သည်။ သူစပြောလာခဲ့သည်မှာ ဝေ့လန်က ပရိတ်သတ်ရှေ့ကျ ကြည့်ကောင်းပြီး ကြည်လင်တဲ့ မျက်နှာလေးရှိပေမဲ့ အားလုံးကမိတ်ကပ်အစွမ်းကြောင့်ပင်။ မဟုတ်ရင် မိတ်ကပ်ပြင်တဲ့အချိန်ကို ဘာလို့အဲ့လောက် အကြာကြီးယူမှာလဲ။ ဝေ့လန်ကရုပ်ဆိုးသည်။ သူ့အသားအရေကလည်းထင်သလောက်မကောင်းပေ။ သူ့မျက်ခုံးကလည်းမလှကာ သူ့နှာခေါင်းကလည်းဆွဲဆောင်မှုမရှိပေ။ သူ့ပါးစပ်ကလည်းကြည့်ရဆိုးလှပြီး အရပ်ကလည်း ရှိရင်းစွဲထက်ပိုပြောထားကာ ဖိနပ်အောက်တစ်ခုခု ခုထားပုံပေါ်သည်။ သူ့ခန္ဓာကိုယ်အနေအထားကလည်း ဆိုးရွားလှပြီး အကုန်လုံခြုံကြည့်လိုက်ရင် ဖောယောင်နေသည့် ငါးကြီးတစ်ကောင်လိုပဲ ဟု မကောင်းပြောလေသည်။

ရုပ်ရှင်ဧကရာဇ်၏ သေလမ်းရှာ စေ့စပ်ထားသူလေး [ ဘာသာပြန် ] || Completed ||Where stories live. Discover now