65

8.9K 1.6K 116
                                    

Unicode

“ကျွန်တော်တို့က နှစ်ယောက်လေ.. ဘာလို့ တစ်ခန်းတည်း ယူတာလဲ..?”

အခန်းထဲရောက်တာနဲ့ ရွှယ်ယို့ရှန်းက ရင်းဆုယဲ့ရဲ့ လက်မောင်းကြားကနေ ခုန်ဆင်းလိုက်ပြီး မကျေမနပ် ပြောလိုက်တယ်။

သူတို့နှစ်ယောက် လမ်းမပေါ်မှာ လျှောက်သွားရင်း ပျော်ပျော်ပါးပါး မုန့်ပတ်စားခဲ့တယ်။ ပြီးနောက် မြို့ရဲ့ အကြီးဆုံးတည်းခိုဆောင်ကို ရောက်လာပြီး အခန်းမေးလိုက်တယ်။ ဒီမြို့ရဲ့ အကောင်းဆုံးတည်းခိုဆောင်ဆိုတဲ့ ဂုဏ်ပုဒ်နဲ့အညီ အခန်းတွေက အရမ်းကောင်းတယ်ဆိုပေမယ့် အခန်းထဲမှာ ခုတင်တစ်လုံးပဲပါတဲ့ အချက်ကိုတော့ ပြောင်းလို့မရဘူးလေ။ ယောက်ျားပီသတဲ့ သူက တခြားယောက်ျားတစ်ယောက်နဲ့ အတူတူအိပ်ရမှာကို စိတ်ထဲမထားပါဘူး။

ဒါပေမဲ့ ရင်းဆုယဲ့နဲ့ အတူတူအိပ်ရမယ်လို့ တွေးကြည့်မိလိုက်တော့ တစ်ကိုယ်လုံး နေရခက်လာတော့တယ်။ မြူနှင်းတောအုပ်ထဲမှာတုန်းက ရွေးချယ်စရာမရှိလို့ ရင်းဆုယဲ့နဲ့အတူတူ အိပ်ခဲ့ရပေမယ့် အခုအခြေအနေက မတူညီတော့ဘူးလေ။ ဘာလို့ ကျပ်ကျပ်သပ်သပ် အိပ်ရဦးမှာလဲ..?

သူ့ဘေးနားမှာအိပ်မယ့်လူက တခြားလူမဟုတ်ဘဲ ဗီလိန်ကြီးရင်းဆုယဲ့လို့ တွေးလိုက်မိတိုင်း ဖိအားတွေ ခံစားနေရတော့တာပဲ..!

“အန္တရာယ်ကင်းအောင်..”

ရင်းဆုယဲ့က တွေဝေမှုများနဲ့ မသိမသာ မျက်မှောင်ကြုတ်လိုက်တယ်။ တစ်ချိန်တည်းမှာပဲ ကောင်လေးရဲ့ သူနဲ့အိပ်ရမှာကို အတင်းငြင်းဆန်ချင်နေတဲ့ အပြုအမူကြောင့် အတော်လေး မပျော်မရွှင် ဖြစ်သွားရတယ်။

မြူနှင်းတောအုပ်ထဲမှာတုန်းက ဒီကောင်လေး သူ့အပေါ် အရမ်းမှီခိုအားထားခဲ့တာပါ။ အခြေအနေနဲ့ ပတ်ဝန်းကျင် ပြောင်းလဲသွားတော့ သူ့ကို မလိုအပ်တော့ဘူးလား..? ကလေးတစ်ယောက်ရဲ့စိတ်ကို ခန့်မှန်းရတာ မလွယ်ကူလိုက်တာ..!

“……………”

အန္တရာယ်ကင်းအောင်..? မင်းအစ်မကိုပဲ အန္တရာယ်ကင်းအောင်ထား..!

သူက တစ်ချိန်လုံး လက်တုံ့ပြန်ချင်နေတဲ့ ရန်သူတွေ အလိုက်ခံနေရတာလည်း မဟုတ်ပါဘူး။ အခုမှ အသစ်စက်စက် ဝိဉာဉ်ကူးပြောင်းလာတဲ့ ကိုယ့်ကိုယ်ကိုတောင် ဘယ်သူမှန်းမသိသေးတဲ့ လူသစ်လေးပါဟ..!

ဝိဉာဉ်ကူးပြောင်းခဲ့ပြီးနောက် သောက်တလွဲတွေဖြစ်ကုန်ပြီ!Where stories live. Discover now