part 2.4

8.4K 719 32
                                    

ကျောင်းကိုကြိုတင်အပ်ပြီးသားဖြစ်တာကြောင့်
အခန်းရှိရာကိုသာလာလိုက်သည်။

(Hobi ဝူ ဆိုတဲ့တစ်ယောက်ဘယ်မှာလဲ)

(ပြတင်းပေါက်နားက မျက်မှန်နဲ့တစ်ယောက်ပါ
Host)

ရီမင်ဂျောင်ထိုကောင်လေးနားသွားပြီး

"Hello ငါဒီမှာထိုင်လို့ရလား"

ဝူ ကဆင်းရဲတာကြောင့်သူ့ကိုဘယ်သူမှ
အပေါင်းသင်းမလုပ်ချင်ကြပေ။ဒါကြောင့်ထိုင်
ရင်လဲတစ်ယောက်ထဲသာထိုင်သည်။

"...."

"မင်းမဖြေလဲငါထိုင်ပြီး ဟီးဟီး မင်းနာမည်ကဘာလဲ ငါ့နာမည် ရီမင်ဂျောင် ရီအိမ်တော်ရဲ့
တစ်ဦးတည်းသော သခင်လေး"

ရီမင်ဂျောင်းကားကြောင့်အားလုံးအံ့သြ သွား
သည်။သူတို့ထင်တာ အိုရှာလီက ရီအိမ်တော်
ရဲ့သခင်မလေးဆိုပြီးသိထားကြတာ ရီသခင်
လေးသေပြီဆိုပြီး အိုရှာလီကပြောထားတာ
ကြောင့်ပင်။

"ငါက ဝူ "

"သူငယ်ချင်းလုပ်ကြမလား"

"ငါ..ငါကဆင်းရဲတယ် "

"အဲ့တော့ဘာဖြစ်လဲ မဟုတ်လဲမင်းကငါ့ညီလေး
လုပ်မလား ရီဝူ ဟိဟိ"

"လာနောက်နေတယ် "

ပြတင်းပေါက်နားကနှစ်ယောက်ကစကားပြော
ရင်းရယ်နေကြမယ့် မပျော်နိုင်တာက အိုရှာလီ
ဖြစ်သည်။သူလိမ်ထားသမျှ ခုတော့သဲထဲရေ
သွန်ဖြစ်ကုန်ပြီး..

*ရီမင်ဂျောင် နင်ငါ့အကြောင်းသိစေရမယ် *

နေ့လည်အတန်းဆင်းချိန်တွင်

"ဝူ ငါတို့ကန်တင်းသွားရအောင် "

"ငါ့မှာပိုက်ဆံမပါဘူး "

"လာစမ်းပါကွာ ငါတစ်ယောက်လုံးရှိတယ်"

မင်ဂျောင်က ဝူ ကိုဆွဲကာ ကန်တင်းဘက်
ထွက်လာလိုက်သည်။ကန်တင်းတွင်သူတို့အား
ကြည့်ပြီးတီးတိုးပြောနေတာတွေကြားပေမယ့်
သူကဘယ်သူမို့လဲ ရီသခင်လေးလေ ဘယ်သူ့မှ
ဂရုမစိုက်ဘူး ထိုချိန် သူတို့နားသို့ လူတစ်
ယောက်ရောက်လာသည်။

"ဟေ့ ဝူ မင်းက အလှလေးနဲ့သိနေတာလား
မိတ်ဆက်ပေးလေ"

(Hobi သူကဇာတ်လိုက်လား)

System Hobi (Completed)Where stories live. Discover now