လွန်းရေ ကြီးကြီးဆီခဏလာပါအုံး '
' ဟုတ် ကြီးကြီး '
' ဒီမှာ ထုံးစံအတိုင်း သားရဲ့ပညာသင်စရိတ်ငွေရောက်လာပြီသားကအပြင်သွားနေတာနဲ့ ကြီးကြီးသိမ်းထားပေးတာ '
' ဟုတ် ကြီးကြီးအသုံးလိုတာရှိရင် ကျွန်တော့်ထဲကယူလို့ရတယ်နော် '
' အိုကွယ်မဟုတ်တာတွေ...ကြီးကြီးကဘာမှမလိုဘူး သားသာလိုအပ်တဲ့နေရာမှာသုံးနော် '
' ဟုတ်ကြီးကြီး အဲ့တာဆိုကျွန်တော် အပေါ်ပြန်တတ်တော့မယ်နော် '
' ညစာကောမစားတော့ဘူးလား သား'
' ကျွန်တော်အပြန်မှာ ကိုကိုနဲ့ညစာ၀င်စားခဲ့သေးတယ်'
' အေးပါ အေးပါ အဲ့တာဆိုလဲ သားသွားနားတော့ '
' ဟုတ်ကဲ့ "
လွန်းက လက်ထဲမှစာအိတ်ကို ခပ်တင်းတင်းဆုပ်ကိုင်ရင်း အခန်းထဲသို့ လေးလံစွာဖြင့် ခြေလှမ်းခဲ့၏။ငယ်ရွယ်တော့တဲ့သူမဟုတ်သော်ငြား ဂေဟာမှ ပညာသင်စရိတ်အဖြစ် လတိုင်းထောက်ပံ့နေတာ ယခုတိုင်ပင်ဖြစ်သည်။လွန်းသတိထားမိသလောက် သူအသက်13နှစ်မှစ၍ ထိုငွေတွေက သူ့ထံသို့စီးဆင်းလာတာဖြစ်၏။တစ်လထောက်ပံ့ငွေကလည်း သူ့အဒေါ်လစာထက်တောင် ပိုများနေတာမို့ တစ်ခါတစ်ရံတွင် လွန်းက ထိုငွေတွေနဲ့ပတ်သတ်ပြီး ဂေဟာအပေါ်တွင်တောင် သံသယ၀င်မိသည်။သို့ပေမယ့် ထိုငွေတွေကြောင့်သာ ယခုအခြေအနေအထိ ပညာသင်ကြားနိုင်ခဲ့တာမို့ လွန်းရဲ့စိတ်ထဲတွင် ဂေဟာမှကျေးဇူးကြွေးတစ်ခုက အမြဲလိုလိုကိန်းအောင်းနေတာဖြစ်သည်။
*****
" ဗစ်တာ "
ခပ်ပြတ်ပြတ်ထွက်ပေါ်လာသောအသံက ဂရုဏာသံကင်းမဲ့ကာ ပြတ်သား၏။ဟန်နရီက လက်ထဲမှဖုန်းကို တင်းကျပ်ကျပ်ဆုပ်ကိုင်ရင်း အံကြိတ်ထားသည်။
" အလုပ်တွေ ကောင်းကောင်းမွန်မွန်လုပ်နေရဲ့လား "
မယုံကြည်လို့မေးခွန်းထုတ်လာသည့် အမေးမျိုးမဟုတ်သော်လည်း သွေးတိုးစမ်းသပ်နေဟန်ရှိသည့် အသံကြောင့် ဟန်နရီက ခပ်ရွဲ့ရွဲ့ပြုံးကာ သူ့လက်ထဲမှ သေနတ်တစ်လက်အား ဦးတည်ချက်မရှိ လှည့်ကစားနေ၏။