အခန်း ၃၃[ကျောက်တုံးကျန်း ၁]

1.9K 538 42
                                    

Unicode

ရွှမ်းမင်ကို မုန့်သလက်အဖြစ်ပြောင်းနိုင်မလားကို ရွှဲရှန်ဘယ်တော့မှ သိနိုင်တော့မှာမဟုတ်။ အဘယ်ကြောင့်ဆိုသော် အမြီးမှဆွဲကိုင်ကာ ကျန်းအိမ်တော်ခြံဝင်းအတွင်းဝင်သွားသော ရွှမ်းမင်ကြောင့်။

"ငါသာဒီလိုနာမကျန်းဖြစ်မနေဘူးဆိုရင်မင်းကိုမိုးကြိုးနဲ့ကိုပစ်ချတယ်"

လက်သည်းများ အစွယ်များထုတ်ကာ ဝှေ့ယမ်းပြီး တန်ခိုးအချို့ပြလိုက်ချင်ပေမယ့်လည်း အပူဒဏ်ကြောင့် ခန္ဓာကိုယ်က အလွန်နွမ်းနယ်နေသည်။ ခြိမ်းခြောက်စကားများတောင် အားမပါလှ၍ သည်းညူနေသလို ဖြစ်သွားသည်။ ဆန္ဒရှိသောအကျိုးသက်ရောက်မှုက ဖြစ်မသွား။

မြစ်ယံမှာတုန်းက ရွှမ်းမင်မေ့မျောနေသည်ဖြစ်ရာ တိမ်ယံထက်တက်သွားသောနဂါးကို မမြင်တွေ့လိုက်ရ။ ယခုအခါမှာတော့ နဂါးငယ်ကိုကြည့်ရင်း နည်းနည်းလေးတောင်မှ ရှိန့်တိန့်ဖိန့်တိန့်မဖြစ်မိ။

ရွှမ်းမင်သည် ခြံဝင်းအတွင်းဝင်ကာ နဂါးငယ်ကို အခန်းတစ်ခန်းရှာပြီး ထည့်ပေးဖို့ စိတ်ကူးထားပေမယ့် ခြေလှမ်းကျသည်နှင့် အတွေးကပြောင်းလဲသွားသည်။

ရွှဲရှန်ခမျာမှာတော့ ပူလောင်လွန်း၍ နေ့လားညလားတောင် မခွဲခြားနိုင်တော့။ သူ့ဦးခေါင်းမှာ ကော်ရည်ပူတွေနှယ် ပူကျစ်နေပြီး ခြံဝင်းအတွင်းလျှောက်ဝင်လာသော ရွှမ်းမင်ခြေလှမ်းများ ရပ်တန့်သွားတာကို ခပ်ရေးရေးမျှတော့ သတိထားလိုက်မိသည်။ ဘယ်အရာကိုတွေ့သွားလည်းတော့ မသိပေမယ့် တစ်စုံတစ်ရာဖြစ်ပေါ်လာမှာကို တည်ငြိမ်စွာစောင့်ဆိုင်းနေသည့်နှယ် ရှေ့ဆက်လျှောက်ချင်ပုံမရ။ ရွှဲရှန်အမြီးကို ဆွဲကိုင်ထားသောလက်မှာ ဖြေလျော့သွားပြီး ရွှဲရှန်ကို လက်ကောက်ဝတ်ထက် အရင်အတိုင်း ပြန်ခွေနေစေသည်။

သို့ပေမဲ့ ရွှဲရှန်လက်သည်းများမှာ ချောကျိပျော့ခွေနေပြီး ရွှမ်းမင်လက်ကောက်ဝတ်ကို ခွေဖို့ရာအသာထား ခေါင်းတောင်မြှောက်နိုင်တဲ့ အခြေအနေမဟုတ်။ လက်ကောက်ဝတ်တွင် ရွှမ်းမင်ထားလိုက်သည်နှင့် ခြေကုပ်တောင်မရှာနိုင်သောအခြေအနေနှင့် ရွှမ်းမင်လက်တစ်လျှောက် တွဲလဲခိုနေတော့သည်။

Copper Coins《铜钱龛世》Where stories live. Discover now