4

12.7K 808 24
                                    


Unicode

မျက်လုံးနှစ်လုံးဖွင့်လာချင်းပင် မြင်ရသည့်မျက်နှာကျက်က ရှိုးသူ့အိမ်မဟုတ်မှန်းသိတာကြောင့် ဇက်ခနဲထလိုက်၏။

"နိုးလာပြီလား ရှိုး"

"ကလေးလူကြီး"

"ဒဏ်ရာဆေးထဲ့ပေးထားတယ် ခနနေရင်ပြန်လို့ရပြီ"

သူ့ကိုမကြည့်ဘဲ ဆန့်ကျင်ဘက်အရပ်၌ ဆေးအိပ်ထဲမှ ဆေးတွေအား ခုံပေါ်သို့ချကာ ပြောနေ‌သည့်မုဏ်းကြောင့် ရှိုးစိတ်တိုလာသည်။

အနည်းဆုံးတော့ သက်သာပြီလားလို့မေးသင့်တယ်မဟုတ်ဘူးလား၊ ဒါမှမဟုတ်လည်း 'ဒီနေ့တော့အိမ်မပြန်နဲ့ ဒီမှာဘဲနေ' လို့ အားနာပါတော့ပြောသင့်တယ်လေ။

ကလေးလူကြီးအခန်းဖစ်သည်ထင်၏ အပြာရောင်နံရံများထက်၌ Tom and Jerry စတေကာလေးများကပ်ထားကာ Dreamcatherတွေကလည်း ရောင်စုံမျိုးစုံ၊ ၀တ်ထားသော စပန့်သားလေးက ပြတင်းပေါက်မှ လာသော အလင်းရောင်ကြောင့် ခန္ဓာကိုယ်ကောက်ကြောင်းက ထင်ရှားစွာမြင်ရ၏။

‌ရှိုးရှေ့သို့ တည့်တည့်လျှောက်လာလျှင် တွေ့ရသော ကလေးလူကြီး မျက်နှာလေးက လူတိုင်း၏အပူမီးကို အေးချမ်းစေသည်။

မုဏ်း ကျုပ်ကတော့ ခင်ဗျားနဲ့တွေ့မှ ဂေးလုံးလုံးဖစ်ပြီထင်တယ်...။

"မုဏ်း"

"ဟင်"

"လှတယ်"

"ဟမ်"

အကြောဆေးတလုံးထိုးပေးဖို့ အစုတ်ပလုတ်ကောင်နားလျှောက်လာပြီး သူ့နားထိုင်ရုံဘဲရှိသေး 'မုဏ်း' ဟုခေါ်သံကြားတာကြောင့် မုဏ်းသူကိုင်ထားသည့် ဆေးထိုးအပ်က အောက်သို့ပြုတ်ကျသွား၏၊ ပြီးနောက် မုဏ်းမျက်နှာလေးကို ညင်သာစွာပွတ်ပြီးသောအခါ သူပြောလိုက်သည်က 'လှတယ်' ဆိုပြီး။

ဒီအစုတ်ပလုတ်ကောင် ဘာဖစ်ချင်နေတာလည်း...။

"လျှန်းရှိုးသီဟိုရ်! ဆေးထိုးမခံချင်တိုင်း လျှောက်ဖားမနေနဲ့"

"အဟက်~ မုဏ်း ခင်ဗျားလေးကတော့ အားးး နာတယ်"




နောက်တစ်နေ့မနက်>>

ခြံထဲရှိငွေပန်းပင်များအား တစ်ပွင့်ပြီးတစ်ပွင့်ရေနေရင်း နားကြားထဲတွင်လည်း ငွေပန်းကိုထိုးကာ ပန်ထားသော အသက်၃၀ကျော်ယောက်ျားတစ်ဦးဟာ ပွင့်လန်းသော ပန်းပွင့်များနှင့်အပြိုင်လှနေသည်။

MOUM{Completed}Where stories live. Discover now