Unicode - 18

13.7K 1.3K 307
                                    

ဝေယံ အဝတ်အစား လဲပြီး အောက်ထပ်သို့ ဆင်းသွားတော့ ဧည့်ခန်းရှိ တိုင်ကပ် နာရီမှာ နေ့လယ် နှစ် နာရီပင် ထိုးနေပြီ။ မနက်ခင်း တစ်ခုလုံး စေ့စပ်ကြောင်းလမ်းခြင်း ကိစ္စများနှင့် နှစ်ဖက် မိဘများ အလုပ်ရှုပ်ခဲ့ကြသည်။ ယခု အချိန်မှာတော့ စေ့စပ်ပွဲက အထမြောက်ကာ အေးအေးချမ်းချမ်း ပြီးဆုံးသွားခဲ့ပြီ ဖြစ်သည်။

ဦးဝေယံဟိန်းကို ဧည့်ခန်းရှိ ဆိုဖာမှာ မေ Scarlett ၏ ဖခင်ဖြစ်သူ ဦးဘုန်းဟိန်းထက်နှင့် စကားပြောနေတာ ဝေယံ တွေ့ရသည်။ မျက်နှာချင်းဆိုင်က ခုံအလွတ်တွင် မေ Scarlett ထိုင်နေကာ လူကြီးတွေ ပြောသမျှကို ပြုံးရင်း နားထောင်နေသည်။

အဝါရောင် နှင်းဆီခက်များ ပုံဖော်ထားသည့် ရင်ဖုံး အင်္ကျီ အဖြူရောင်လေးနှင့် အရောင်တူ ထဘီက တည်ငြိမ် အေးချမ်းသော သူမ၏ အလှတရားများကို သရုပ်ဖော်နေသည်။ တင်ပါးအထိ ရှည်နေပြီ ဖြစ်သော ဆံနွယ်များကို ဆံထုံးအဖြစ် ထုံးနှောင်ထားကာ အနည်းငယ်ကို ပခုံးနှင့် ရင် အထက်ပိုင်းပေါ်  ဖြန့်ချထားသည်။ ဆံထုံးထက်တွင် အဝါရောင် နှင်းဆီပွင့်ကလေးများ ဝါနှစ်စွာ ရှိနေကြ၏။

ဒီနေ့အတွက် ပလက်တီနမ် ခြေဆွဲလေးအစား နှင်းဆီပွင့်များ ထွင်းဖော်ထားသည့် ရွှေရောင် ခြေဆွဲလေးကို နှစ်လိုဖွယ်ရာ အဖြစ် သူမ ဆင်မြန်းထားသည်။ ခြုံငုံရသော် ဦးဘုန်းဟိန်းထက်၏ သမီးငယ်ဟာ ဒေါင်းမလေး တစ်ကောင်လို လှချင်တိုင်း လှနေတော့သည်။

"ကျွန်တော့်မှာ ဒီသမီးလေး တစ်ယောက်ပဲ ရှိတာ ဆိုတော့ သမီးရဲ့ အိမ်ထောင်ဖက်နဲ့ ပတ်သက်ပြီး အမြဲ ဗျာများနေခဲ့ရတာ ကိုဝေယံရေ . . ၊ သမီးကို ရွှေလို ဥပြီး ဂရုစိုက်ခဲ့ရတာ ဆိုတော့ သိတဲ့အတိုင်းပဲဗျာ၊ အခုတော့ ကိုဝေယံရဲ့ သားနဲ့မလို့သာပေါ့"

"သမီးရှင်မလို့ မောင်ဟိန်းထက် ပူပန်တာကို နားလည်ပါတယ်၊ ကလေးတွေက ငယ်ငယ်ကတည်းက ရင်းနှီးခဲ့ကြတာပဲ၊ စိတ်ပူစရာ မရှိလှပါဘူး၊ ပြီးတော့ သားက လိမ္မာ သိတတ်ပြီး အနေအေးတယ်၊ သမီးလေးကိုလည်း သံယောဇဉ် ရှိရှာတယ် မဟုတ်လားဗျာ၊ လက်ထပ်ပြီးရင် စိတ်ချမ်းသာအောင် ထားမှာပါ"

SUN { Season 1 }Where stories live. Discover now