Part (12)

7.2K 589 32
                                    

 Unicode

    မနက် (၇) နာရီသာ ရှိသေးသော်လည်း 'ထည်' ကျောက်မျက် ကုမ္ပဏီတဖြစ်လဲ 'Htal Jewels And Jewellery Showroom' တစ်ခုလုံး လှုပ်လှုပ်ရှားရှား ဖြစ်နေကြသည်။ အထူးသဖြင့် အမျိုးသမီးဝန်ထန်းတွေက ပို၍ပင် ပျာလောင်ခတ်နေကြပါသည်။

   "ဟဲ့ မြန်မြန်လုပ်လေဟာ မပြီးသေးဘူးလား"

  "နင်ကလဲ ဇွတ်ပါလားဟယ်...လာပါပြီဟ"

  "အားလုံး ကုမ္ပဏီရှေ့ ထွက်စောင့်နေကြပြီ။အရင်တစ်ခါ ငါတို့အဆဲခံထိထားတာ နင်မမှတ်သေးဘူးလား"

  "နှလုံးသားထဲက နာအောင်စွဲတာဟေ့...ဗလအားကိုးနဲ့ ငါတို့ကို ဟိန်းဟောက်သွားတာ...အို... မျက်မှောင်ကြုပ်ထားတဲ့ သူ့ပုံစံကြီး အခုထိ အလွတ်ရတုန်းပဲ"

   ယနေ့ကား ဦးခမ်းထည်ဝါ ရန်ကုန်ရောက်နေခိုက် သားအငယ်ဖြစ်သူ အနဂ္ဂထည်က စတင်တာဝန်ယူမည့်နေ့ ဖြစ်သည်။ ထိုကြောင့်လည်း 'မင်းတို့ ငါလာရင် သတိထားနေတာ ကောင်းမယ်'ဆိုသော အနဂ္ဂထည်၏ သြဇာသံအား ဝန်ထမ်းအမျိုးသမီးများ အမှတ်ရနေကြတာပင် ။

************

   "ညီညီ...ရှင်းခိုက်ရောက်နေပြီ"

   "လာပြီ"

    ပြီးခဲ့သည့် တစ်ပတ်လုံးလုံး ကုမ္ပဏီနှင့်ပတ်သက်သည့် လုပ်ငန်းကိစ္စတို့အ ကိုကြီးထံမှ အသေးစိတ် လေ့လာဖြစ်ခဲ့သည်။ ဂျပန်မှ စီးပွားရေးဘွဲ့ယူထားသည့်အပြင် ကျောက်မျက်ရတနာဆိုတာ အနဂ္ဂအတွက် သိပ်မစိမ်းသက်သည့် လုပ်ငန်းဖြစ်တာကြောင့် ထင်သလောက်တော့ မခက်ခဲပေ။

    နောက်တစ်ချက်က Foreign Agents ဆိုင်ရာမှန်သမျှ သူကောင်းကောင်းကြီး တာဝန်ယူနိုင်ပါသည်။ ဘာသာစကား ကျွမ်းကျင်မှုက သူ့အတွက် များစွာအကျိုးပြုပါ၏။

   "တက်လို့ရပါပြီ သူဋ္ဌေး"

    ဦးစိုးက ပါးနှင့် ရန်ကုန်လိုက်သွားတာကြောင့် ရှင်းခိုက်က မန်နေဂျာရာထူး ဖြစ်လာရသည်။ ရှင်းခိုက်မောင်းသည့် ကားကိုစီးရင်း ကုမ္ပဏီရှေ့သို့ ဆိုက်ဆိုက်မြိုက်မြိုက် ရောက်လာခဲ့၏။ ကားရပ်လျှင်ရပ်ချင်း နက်ပြာရောင် Suitဖြင့် Security တစ်ယောက်က ကားနောက်ခန်းတံခါးကို ဖွင့်ပေးလာသည်။

အနက်ရောင် ရပ်ဝန်း-Black Zone(Completed)Where stories live. Discover now