Chapter 19

30.3K 3.7K 222
                                    

Unicode

ကြာပန်းဖြူလေး၏ မဟာမိတ်ဘက်က ရန်လိုမှုနှင့် ခက်ခဲအောင်လုပ်ခြင်း
__________________________________

ဝေ့လန်၏ပြဿနာအား ဖြေရှင်းပြီးနောက်မှာတော့ ယန်းချင်းချီ ကျန်းမော့ချန်နဲ့အတူ ဒုတိယထပ်သို့တက်လာခဲ့သည်။ ဒုတိယထပ်က ပထမထပ်ထက် စတိုင်ပိုကျကာ ပိုလည်းတိတ်ဆိတ်သည်။

ကျန်းမော့ချန် အခန်းတစ်ခုရှေ့ရပ်လိုက်ကာ တံခါးဖွင့်ဝင်လိုက်သည်။ ယန်းချင်းချီလှမ်းကြည့်လိုက်တော့ ထိုအခန်းက တော်တော်လေးကျယ်ကြောင်း သိလိုက်ရလေသည်။

ထိုအခန်းရှိ ဒီဇိုင်းအပြင်အဆင်က suiteအခန်းနဲ့ပင်ဆင်ကာ အဓိကအခန်းမှာ KTV ရှိပြီး ဘေးနှစ်ဖက်နှစ်ချက်မှာ စင်္ကြန်ပလက်ဖောင်းရှိသည်။ ထိုနှစ်ခုပေါ်တွင် ပူးလ်ကစားနည်း*ကဲ့သို့ ဂိမ်းကစားလို့ရမည့် စက်များ ပစ္စည်းများရှိနေသည်။

သူတို့ရောက်လာတာနဲ့ အခန်းထဲရှိ သီချင်းဆိုသံများရပ်သွားကာ တစ်ခန်းလုံးတိတ်ဆိတ်သွားသည်။ တအောင့်လောက်ကြာမှ မိုက်ကရိုဖုန်းကိုင်ထားတဲ့လူဆီကနေ စကားသံအရင်ထွက်လာလေသည်။

''ကျန်းမော့ချန် ငါတို့ကို မိတ်မဆက်ပေးတော့ဘူးလား ''

ကျန်းမော့ချန် ယန်းချင်းချီနဲ့အတူ ဆိုဖာပေါ် ထိုင်လိုက်ကာ
''ငါ့ အိမ်ထောင်ဖက် ယန်းချင်းချီ ''

နောက်တော့ သူတို့ရှေ့ထိုင်နေသည့် လူလေးယောက်အား တစ်ယောက်ချင်းစီမိတ်ဆက်ပေးလာသည်။

''လျောင်စစ်ပေါ်၊ ယွီရှီးဟယ်၊ ရန့်ရွှိ၊ စွင်းရွှင်''

ယန်းချင်းချီ ခေါင်းငြိမ့်ကာ နှုတ်ဆက်လိုက်သည်။
သူ ဒီလေးယောက်အား အကြမ်းဖျင်းသိပြီးသားဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် ထိုလေးယောက်ကလည်း ဝတ္ထုထဲတွင် ပါပါလာတတ်သောကြောင့်ပင်။ လျောင်စစ်ပေါ်၊ ယွီရှီးဟယ်၊ ရန့်ရွှိ တို့မှာ ကျန်းမော့ချန်၏ ငယ်သူငယ်ချင်းများဖြစ်ကာ မူကြိုဘဝထဲက တယောက်နဲ့တယောက် စသိခဲ့ကြတာပင်။

ကျန်းမော့ချန် အနုပညာလောကထဲဝင်လိုက်တဲ့အခါ သူတို့အဆက်အဆံနည်းသွားသော်လည်း သူတို့သူငယ်ချင်းဆက်ဆံရေးကတော့ ကောင်းနေဆဲပင်။သူတို့ထဲမှာမှ လျောင်စစ်ပေါ်က ဝတ္ထုထဲတွင် အများဆုံးဖော်ပြခံရသူဖြစ်သည်။ အကြောင်းမှာ ကြာပန်းဖြူလေးအပေါ်ထားရှိသည့် သူ၏စိတ်ခံစားချက်များက ရှင်းပြရခက်သောကြောင့်ပင်။ သူ့သူငယ်ချင်း ကျန်းမော့ချန်းက ကြာပန်းဖြူလေးအပေါ် ခံစားချက်ရှိနေတာကိုသိသောကြောင့် သူ့ကိုယ်ပိုင်ခံစားချက်များအား ဘယ်တော့မှမထုတ်ဖော်လာခဲ့ပေ။ သို့သော်ငြား ကြာပန်းဖြူလေး လိုအပ်နေချိန်မှာ ထောက်ပံ့ပေးပြီး ကြာပန်းဖြူလေး ခက်ခဲနေချိန်မှာ အနားတွင်ရှိပေးတာတွေကတော့ သူ ရပ်တန့်လို့မရခဲ့ပေ။

ရုပ်ရှင်ဧကရာဇ်၏ သေလမ်းရှာ စေ့စပ်ထားသူလေး [ ဘာသာပြန် ] || Completed ||Where stories live. Discover now