part 21

51K 5.3K 1.7K
                                    

"ဘယ်လိုဖြစ်လို့ အဲ့ဒီလောက်အထိ ဖြစ်ကုန်ရတာလဲ..."

ဖူးယောင်နေသော ဒဏ်ရာတွေကို ဆေးထည့်ပေးရင်းဖြင့် စစ်နိုင်း မေးမိတော့ ရှင်းခန့်က နာကျင်မှုကြောင့် ကျစ်ကနဲ စုတ်သပ်လိုက်ပြီးတော့မှ

"မသိပါဘူး ကိုကိုရယ် ကျွန်တော်ပြောလိုက်တာက ဖေဖေနဲ့မေချိုက အသက်အရွယ်ရလာပြီမလို့ ဝေလေလေ လုပ်မနေတော့ပဲ မိသားစုရဲ့ စီးပွားရေးတာဝန်ကို ပခုံးထမ်းဖို့အတွက်ပါ ဒီအရိပ်မှာနေတာမလို့ ဒီမိသားစုရဲ့ စီးပွားရေးဟာ သူနဲ့လည်းဆိုင်သင့်သလောက် ဆိုင်တယ်လို့ ပြောမိတာက ကျွန်တော် အပြောမတက်တော့ သူ့ရဲ့မာနကို စော်ကားသလို ဖြစ်သွားတယ်နဲ့ တူပါတယ်ကိုကိုရယ်..."

ရှင်းခန့်၏ စကားကြောင့် စစ်နိုင်း၏ မျက်ခုံးတို့ တွန့်ကွေးသွားမိရပြီးမှ...

"အဲ့ဒီလိုလေး ပြောလိုက်တာနဲ့ ဒေါနက အဲ့ဒီလောက်ဒေါသထွက်သွားစရာလား.."

စစ်နိုင်း၏ စကားကြောင့် ရှင်းခန့်၏ မျက်ဝန်းလေးတွေ အံ့သြစွာ ဝင့်လာရတော့သည်။ကိုကိုက ဘယ်တုန်းကများ သူ့အပေါ်မှာ ဒီလိုမျိုး မေးခွန်းပြန်ထုတ်ခဲ့ဖူးလို့လည်း။သူတစ်ခွန်းဆို တစ်ခွန်း ယုံကြည်ခဲ့တဲ့သူလေ။

"ကိုကိုက ကျွန်တော်ညာနေတယ် ထင်လို့လား ကျွန်တော့်ကို မယုံတာလား"

ရှင်းခန့်၏ ဝမ်းနည်းရိပ်သမ်းနေသော မျက်ဝန်းများကြောင့် စစ်နိုင်း အိုးတိုးအမ်းတမ်း ဖြစ်သွားရပြီးမှ...

"မဟုတ်ပါဘူးကွာ ကိုယ်ပြောတာက ဒါက ဒီလောက်အထိ စိတ်တိုစရာ ကိစ္စမဟုတ်တာကိုလို့ပြောတာပါ ထားလိုက်ပါ ဒဏ်ရာတွေ သေချာဂရုစိုက်အုံး"

စစ်နိုင်း စကားစကို ဖြတ်ချလိုက်တော့ ရှင်းခန့်လည်း ဘာမှထပ်မပြောပဲ ငြိမ်ကျသွားလေတော့သည်။ဘယ်လိုပဲ မာနတရားကြောင့်လို့ဆိုဆို ဒီစကားဟာ ထိုးကြိတ်သောင်းကျန်းရသည့်အထိ ဒေါသဖြစ်စေနိုင်တဲ့ စကားမျိုးမှ မဟုတ်တာ။ရှင်းခန့်ပြောလိုက်တာ ဒီစကားလောက်ကရဲ့လား။ဆေးထည့်ပေးနေရင်း စိတ်ထဲမှာတော့ မကျေလည်မှုများဟာ ကြီးစိုးနေပြီး ဘာကမူမမှန် ဖြစ်နေသလဲမသိတော့။ဆေးထည့်ပေးပြီးတော့ ထိုပြဿနာကို ထပ်မစဉ်းစားနိုင်တော့ပဲ နောက်ကျနေပြီမလို့ ဆေးရုံသို့ အလျှင်အမြန်ထွက်ခဲ့လိုက်တော့သည်။

Green Eye(complete)Where stories live. Discover now