part 2.8

8.2K 717 15
                                    

နောက်တစ်နေ့ ရီမင်ဂျောင်မလုပ်သွားရန်ကားနဲ့
ထွက်လာစဉ်လမ်းတွင် သူ့ကားရှေ့ပိတ်ရပ်လာ
သည့်ကားတစ်စီးကြောင့် သူကားရပ်လိုက်
သည်။ရှေ့ကားပေါ်ကလူကဆင်းလာကာ

"ကျတော်တို့ Boss ကခေါ်ခိုင်းလိုက်ပါတယ်
အသာတကြည်လိုက်ခဲ့ပါ"

"ကောင်းပြီးလေ သွားကြတာပေါ့"

သူလဲအေးဆေးဘဲ ကားလော့ချကာရှေ့ကား
ပေါ်လိုက်သွားလိုက်သည်။မြို့ပြင်မရောက်
ခင်ခြံဝင်းကျယ်ကြီးထဲကအိမ်ကြီးကိုရောက်
တော့ကားရပ်ကာ..

"အထဲဝင်သွားလိုက်ပါ သခင်လေးစောင့်နေ
ပါတယ် "

သူလဲအထဲဝင်ပြီးဧည့်ခန်းထဲဝက်ထိုင်လိုက်
သည်။ခနနေတော့ ချိုချန်ဟေး ကဆင်းလာပြီး
သူ့ရှေ့တွင်လာထိုင်သည်။

" ပြောပါအုံး ငါ့ကိုဒီနေရာခေါ်ရတဲ့အကြောင်း"

"ရော့... အဲ့မှာလက်မှတ်ထိုး"

"လက်ထပ်စာချုပ်? ဟက် အရူးဘဲ မင်းက"

"စကားမများနဲ့ မင်းကကိုယ့်အရုပ်ဘဲ ဒါကြောင့်
စကားနားထောင်"

"ငါက ချိုတေးယွန် နဲ့မကြာခင်လက်ထပ်တော့
မှာနော် "

"သိတယ်လေ "

"မင်းကတေးယွန်ကိုနိုင်ချင်လို့ခုလိုတွေလုပ်နေ
တာမလား သူသိသွားရင် မင်းအသက်ရှင်မယ်
ထင်လား"

"သူမသတ်ပါဘူး"

"ဟက် ဘယ်ကယုံကြည်ချက်တွေရှိနေတာလဲ
အော် ဒါနဲ့ခုလောက်ဆိုသူလဲရောက်လာ
လောက်ပြီးပေါ့"

"ဘယ်သူမှဒီနေရာမသိဘူး"

"မင်းကတေးယွန်ကိုအထင်သေးတာဘဲ သူက
ငါ့ကိုတစ်ယောက်ထဲလွှတ်တယ်ဆိုတာဖြစ်
နိုင်လား "

အမှန်က မင်ဂျောင်ရဲ့စေ့စပ်လက်စွပ်မှာ GPS
နဲ့သတိပေးစနစ်ပါပြီးသားဖြစ်တာကြောင့်
မင်ဂျောင်အချက်ပြတာနဲ့ဟိုကလိုက်လာနေပြီး
ဖြစ်သည်။

အိမ်ရှေ့ကတိုက်ခိုက်သံတွေကြောင့် ထွက်
ကြည့်ရန်ထချိန်မှာဘဲ ဧည့်ခန်းထဲသို့ ချိုတေးယွန်
ဝင်လာသည်။မင်ဂျောင်ကပြေးဖက်လိုက်ကာ...

System Hobi (Completed)Where stories live. Discover now