အခန်း(၂၈)

1.9K 343 6
                                    

     <ချောင်းမြောင်းအလစ်ဖမ်းခံရခြင်း>

တစ်ခဏအတွင်း ဝမ်ရွှမ် နိုးနိုးကြားကြားဖြစ်
သွားရသည်။ လမ်းကြောင်းအားလုံးကိုကြည့်
မိရာ သူ့မျက်စိရှေ့မှအရာအားလုံးသည် ခင်း
ကျင်းထားသော အစီအရင်တစ်ခုဖြင့် ရှင်းရှ
င်းလင်းလင်း လှည့်ပြောင်းခံထားရပြီးဖြစ်သ
ည်။သစ်ပင်အားလုံးသည် တောင့်တင်းနေသောပုံစံတူများဖြစ်ကာ လမ်းဘေးနှစ်ဖက်တွ
င်ပိတ်ဆို့လျက် မြင်ကွင်းအစစ်အမှန်ကို ကွယ်
ဝှက်ထားသည်။

သူတို့နှစ်ဦးစလုံး မှော်အစီအရင်ထဲသို့ရောက်
နေသည်မှာ သေချာသလောက်ရှိလေပြီ။အရ
ည်အသွေးအရ ဤအစီအရင်ကို ခင်းကျင်း
ထားသူသည် ကျွမ်းကျင်အဆင့်မဟုတ်ဘဲ
လက်သင်အဆင့်လောက်သာ ဖြစ်ပုံရသည်။

သို့သော် ဝမ်ရွှမ်က အခြေခံတည်ထောင်ခြင်း
အဆင့်သို့ ပြန်ကျခဲ့ပြီး ကျန်းရီသည်လည်း ချီ
သန့်စင်ခြင်းအဆင့်တွင်သာ ရှိနေခြင်းကြောင့်
အခြေခံအဆင့် မှော်အစီအရင်ဖြစ်နေလျှင်
တောင် သူတို့နှစ်ဦးစလုံး ကိုင်တွယ်ဖြေရှင်းရ
န်လုံလောက်ပေသည်။

ဒါဘယ်သူလဲ?တမင်တကာအလစ်ဝင်ဖမ်း
တာလား မတော်တဆတိုက်ဆိုင်သွားတာလား?ငါတို့ကိုဖမ်းဖို့ထောင်ချောက်ဆင်ထား
တာ ဒါမှမဟုတ် လုယက်ပြီးသတ်ဖြတ်ယ့်
ရည်ရွယ်ချက်ပါရှိနေတာများလား?

ဝမ်ရွှမ်သတိကြီးစွာနောက်ဆုတ်ပြီး ပုံတူပွား
ထားသောကန္တာရနောက်ကွယ်မှ အစီအရင်
၏မူလဇစ်မြစ်နှင့် မည်သို့ချိုးဖျက်ရမည်ကို
ကြိုးပမ်းရှာဖွေလိုက်၏။

ဤအခိုက်အတန့်တွင် ဝမ်ရွှမ့်အစွမ်းအစကို
အလွန်အကျွံလှောင်ပြောင်နေသကဲ့သို့ ငြိမ့်
ညောင်းသော်လည်း အေးစက်မှုများရောစွက်
နေသည့်အမျိုးသမီးတစ်ဦး၏ရယ်သံကသစ်
ပင်များနောက်ကွယ်မှ ပေါ်ထွက်လာခဲ့သည်။
ဤရယ်သံကို အနည်းငယ်ရင်းနှီးနေသည့်အ
တွက် အသံပိုင်ရှင်မှာ ဝမ်ရွှမ်နှင့်ယခင်ကဆုံခဲ့
ဖူးသူသာဖြစ်လိမ့်မည်။

တွယ်ကပ်ရန်ကူးပြောင်းလို့လာ[Completed]Where stories live. Discover now