6.4(U)

2.2K 383 9
                                    

သူတစ်ဖန်နိုးလာတော့ ပထမဆုံး သူ့ဖုန်းကို ခေါ်ထားတာရှိမရှိ စစ်ကြည့်လိုက်ပေမဲ့ ဘာတစ်ခုမှ မတွေ့ရတော့ သူစိတ်ပျက်သွားသည်။ဆိုလိုတာက ရီဟွိုင်မှာ ဘာမှပြောင်းလဲမှုမရှိဘူးပေါ့......

တကယ်တော့ ချန်လီကောရဲ့ အိပ်ချိန်က၃နာရီသာကြာခဲ့သည်။သူနိုးထလာတော့ အရင်ကလောက်လည်း မောပန်းမနေပေ။ သူက သူ့အဝတ်အစားတွေကို လဲလိုက်ပြီး ဆေးရုံကို ပြန်ထွက်လာခဲ့သည်။

ဆေးရုံကုတင်ပေါ်မှာ ရှန်းယိုလင်က သူမဖုန်းကို ကလိနေခဲ့သည်။

သူမအဖေလာတာ မြင်တော့ မေးလာသည်။

"အဖေ စားပြီးပြီလား???"

အဲဒီအချိန်မှ သူဘာမှမစားရသေးတာ ချန်လီကော သတိရသွားသည်။

ချန်လီကောရဲ့ မျက်နှာအမူအရာကိုကြည့်တာနဲ့
သူမအဖေဘာမှမစားရသေးမှန်း သိသာသည်။
"တစ်ခုခု အရင်သွားစားလိုက်ဦး၊သမီးဒီမှာရှိတယ်"

တံခါးဝမှာ ကိုယ်ရံတော်နှစ်ယောက် ရှိနေတုန်းပင်ဖြစ်သည်။ထို့ကြောင့် ကုတင်ကိုရွှေ့တာ ပစ္စည်းတွေသယ်တာအတွက် စိတ်ပူစရာမရှိ.....

"စားချင်စိတ် မရှိဘူး"

သို့သော်လည်း ရှန်းယိုလင်က သူမအဖေရဲ့ကုတ်အင်္ကျီအနားစကို ပြုပြင်ပေးလိုက်ပြီး ကလေးတစ်ယောက်ကို ချော့မြှူသလိုပြောလာသည်။

"အဖေ မြန်မြန် သွားစားလိုက်ပါ၊အစ်ကိုရီသက်သာလာပြီး အဖေပြန်လဲသွားရင်လည်း မကောင်းဘူးလေ"

ချန်လီကောက သူ့သမီးရဲ့စကားကို ကြားတော့
ပြုံးပြလာပြီး

"ယိုလင်လေးက ရင့်ကျက်လာပြီပဲ"ဟု ပြောလာသည်။

"သမီးက အရင်ကတည်းက ရင့်ကျက်ပြီးသားပါ၊အဖေသာ သမီးကို ကလေးတစ်ယောက်လို ဆက်ဆံနေတာ"

ချန်လီကောက သူမနဲ့ ပြိုင်ငြင်းမနေတော့ဘဲ တစ်ခုခုစားရန် အပြင်သို့ ထွက်သွားလေသည်။

သူပြန်လာတော့ ရီဟွိုင်ကို စစ်ဆေးဖို့ ခေါ်သွားကြပြီဖြစ်သည်။ အခုတစ်ကြိမ်က သူ့ခေါင်းကို စစ်ဆေးမှာဖြစ်သည်။ ရှန်းယိုလင်က အပြင်ဘက်မှာ စောင့်နေရင်း စိုးရိမ်ပူပန်နေသည်။

Perfect Destiny Arc7 မြန်မာဘာသာပြန်Where stories live. Discover now